Extra(3) (Ending)

26K 1.6K 301
                                    

#####Unicode#####

တစ်ကိုယ်လုံးစိုရွှဲနေသော ကလေးငယ်ကိုအိမ်ထဲသို့ပွေ့ခေါ်လာရင်း မိမိအကျီတစ်ထည်လဲဝတ်ပေးလိုက်သည်။

အပြင်မှာတော့ရာသီဥတုက ဆိုးဝါးစွာဖောက်ပြန်နေသလို ကျ​တော့် ရင်ထဲမှာလဲ နှလုံးသွေးတွေကပြောင်းပြန်စီးဆင်းနေကာလူကခြေမကိုင်မိ ၊ လက်မကိုင်မိ။

ကလေးငယ်ရဲ့စိုကပ်ကပ် ဆံစ များကို တဘက်ပါးလေးနှင့်အသာသုတ်ပေးရင်း..မျက်ရည်စက်တွေက တစ်ဖြောဖြောကြွေသည်၊ ကျတော် အရမ်းပျော်တာပဲ ဦးးရယ်။

"ကျန့်ကျန့်..."

နာမည်ကိုတီးတိုးရေရွတ်ရင်း..လက်လေးတစ်ဖက်ကိုဆုပ်ကိုင်မိစဥ်...မြင်လိုက်ရသော ပြတ်ရှအမာရွတ်တစ်ခုက လက်ကောက်ဝတ်မှာအထင်းသား။ ဒါက..
အရင်ဘဝကရခဲ့သော ဒဏ်ရာလေလား၊ ဒါမှမဟုတ်...???

ထိန်းချုပ်နေသော်လည်း စိတ်တွေကအစိုးမရ၊ ခန္ဓာကိုယ်ကိုအနည်းငယ်ငုံ့ကိုင်းပြီး...မို့အစ်အစ်ပါးလေးနှစ်ဖက်ကို နှာခေါင်းမြုပ်မတတ်ဖိနမ်းပစ်လိုက်သည်။ သို့ပေမယ့်...တိုးပွားလာသောလိုအင်ဆန္ဒတွေက နှုတ်ခမ်းရဲရဲလေးကိုသာ စိတ်အလိုအကျအတိုင်း၊

မည်မျှကြာသွာလဲမသိလိုက်၊
မိမိရင်ဘတ်ကိုတွန်းကန်လာသော လက်လေးနှစ်ဖက်နှင့်အတူ..အင့်ခနဲမြည်သံကြောင့်...ရီပေါ့်ခေါင်းထဲ ဂျိန်းခနဲမြည်သည်။ငါ ကလေးငယ် ကိုဘာလုပ်မိပြီလဲ???

"ဦးလေးကြီးး...
သား ကို ဘာလုပ်နေတာလဲ "

ကုန်းကွကွဖြစ်နေသော သူ့ပုံစံကနည်းနည်းတော့ ဟာသဆန်နေမှာအသေအချာပင်၊ ကလေးငယ်က ကုတင်ပေါ်မှ လူးလဲထရင်းမေးခွန်းထုတ်တော့ ဖြေစရာစကားများပျောက်ရှနေခဲ့သည်။ ထိုအချိန် ဂျိန်းး ခနဲမြည်သံနှင့်အတူ...လျပ်ရောင်ကဖြန်းခနဲ

"အားးး....မားးမားး"

ဖြူလုံးလေးက မိမိရင်ခွင်ထဲစွေ့ခနဲရောက်လာတာမို့...နှုတ်ခမ်းပါးတို့ကပြုံးရိပ်ဆင်သည်။ ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးရင်းး...

"မကြောက်နဲ့နော်..."

ထိုသို့ပြောလိုက်မှ တွန်းထုတ်ခံလိုက်ရပြီး..စူးစူးရဲရဲကြည့်နေသောကလေးငယ်က

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now