Chapter (26)

11.7K 1.2K 60
                                    

##### Unicode #####

"ဘာ ထွက်ပြေးဖို့ကြံတယ်ဟုတ်လား"

ခပ်တိုးတိုးထွက်လာတယ့် ရှောင်းကျန့်အသံကြောင့် ယွမ်ရှုနံရံမှာအသာကပ်ရင်းး ဆက်နားထောင်နေမိသည်။

"နောက်တစ်ခါ ပြေးဖို့လုပ်ရင်...
ခြေထောက်တွေကို ရိုက်ချိုးထားလိုက် ၊
ကြားလားး "

စကားလုံးတိုင်းက ဒေါသအပြည့်နှင့်ဖြစ်ကာ...တိတ်ဆိတ်သောအခန်းထဲမှာတော့..ရှောင်းကျန့်ရဲ့အသက်ရှူသံခပ်ပြင်းပြင်းကသာ ကြီးစိုးနေလျက် ။ ယွမ်ရှု အခန်းထောင့်မှ အသာထွက်တော့ ရှောင်းကျန့် အံသြသွားသော်လည်း မျက်နှာထားကတော့တည်တင်းနေတုန်းပင် ။

"ပြော..ငါမသိအောင်ဘာတွေတိတ်တဆိတ်လုပ်နေလဲ.."

ထိုလူသားကလဲ ဆတ်ဆတ်ထိမခံပဲ ညှင်းသွဲ့သွဲ့ထရယ်ကာ...

"အဟွန်းးးးဟွန်းး မင်းက..Sir လား၊
ငါက Sir လား ပြောစမ်းပါဦး..."

နောက်ဆုံး အရှုံးပေးရသူက..ယွမ်ရှုပင်၊

"မင်းက..Sir မှန်းငါသိတယ် ၊
ဒါပေမယ့် ငါ့ကိုတော့ပြောပြမှရမယ်"

ရှောင်းကျန့်က ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ပြီး သူ့ကိုကျောခိုင်းလိုက်သည်။ နှစ်ယောက်ကြား လေထုက အေးစက်နေကာ..အတော်ကြာမှ..

"ငါ...ဖေးရန် နဲ့ ယွီလီ ကိုဖမ်းထားတယ်၊
အဟွန်းးး..မင်းကိုပြောပြချင်တာပေါ့ ၊ ဒါပေမယ့် ဟိုကောင်လေးကိုသွားပြောမှာစိုးလို့လေ ခုရောသွားပြောဦးမှာမလား..."

ယွမ်ရှု သက်ပြင်းသာချလိုက်မိသည် ။
ရှောင်းကျန့်ဆိုသော လူသားကတစ်ခါတစ်လေနားလည်ရခက်တာအမှန် ။

"မင်းကငါ့လူယုံဖြစ်ပေမယ့်..သူဘက်တော်သားလေ..ငါ ပြောမပြတာမှားလို့လား..."

ယွမ်ရှု...နားလည်လိုက်တာက ရှောင်းကျန့်ဆိုသောလူသားက..မိမိကိုသံသယဝင်နေခြင်းပင် ၊ ထို့နောက်ထပ်ထွက်လာသောစကားက အေးစက်စွာ....

"ငါ..မင်းကိုယုံကြည်တယ် ယွမ်ရှု ၊
ငါတို့ရင်းနှီးခဲ့တာ နှစ် (၂၀)နီးပါးရှိပြီလေ၊
ဝမ်ရီပေါ်ဆိုတယ့် ကောင်လေးကြောင့်ငါရည်ရွယ်ချက်တွေ ပျက်စီးမခံနိုင်ဘူး "

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now