Chapter(23)

12.3K 1.2K 87
                                    


#####Unicode#####

" ကျွန်တော် ရောက်ပြီ ဦးးး "

"အင်း..တံခါးကို Lock ချခဲ့ "

ထုံးစံအတိုင်း ကျွန်​တော့်ရဲ့ ဦးးက စာဖတ်ခန်းထဲသို့လာခိုင်းခြင်း ၊ မျက်မှန်လဲ ပင့်ကာပင့်ကာနှင့် သူ့ကိုတစ်ချက်ကြည့်သည်။
ထို့နောက် ကော့တတ်သွားသောနှုတ်ခမ်းထောင့်စွန်းနဲ့အတူ..ခပ်ရှရှခေါ်သံလေး

"ကောင်လေး..."

"ဗျာ..."

ခုမှ သိပ်ကို ရိုသေပြနေတယ်ပေါ့ ဝမ်ရီပေါ်၊
ငါ့ ကွယ်ရာမှာမင်း ဘာတွေလုပ်ထားလဲဆိုတာ ငါမသိဘူးထင်နေတာလား ၊ မျက်မှန်ဝိုင်းကိုဆွဲချွတ်လိုက်ပြီး...

"ဒီနေ့ ဘာနေ့လဲ "

တုံ့ဆိုင်းမရှိပါပဲ..ပက်ခနဲပြန်​ဖြေသံက ရှောရှောရှူရှူပင်...။

"ဦးးးမွေ့နေ့လေ ၊
ဒီနေ့ 31 ပြည့်တာ "

ရှောင်းကျန့်ထိုင်ရာမှ ထရပ်ကာ ရီပေါ်နားသို့ဖြေးညှင်းစွာလျှောက်လာသည် ၊ မျက်နှာချင်းဆိုင်မှာ ပိတ်ရပ်လိုက်တော့ ပြူကြောင်ကြောင်လေး ပြန်မော့ကြည်သော ဝမ်ရီပေါ် ။

"ဦးး ကျွန်တော်..
ဘာအပြစ်လုပ်မိလို့လဲဟင် "

မေးစရာက ဒါပဲရှိတာမဟုတ်လား ၊
သို့ပေမယ့် ဦးးး ဆီက ခပ်သဲ့သဲ့ရယ်မောသံနှင့်အတူ..

" ငါ့ မွေးနေ့မှာ..လိုချင်တာတောင်းလို့ရတယ်ဆိုတာ မင်းမမေ့ပါဘူးနော် "

မထင်မှတ်သောစကားမို့..ရီပေါ့်ရင်ခုန်သံတွေက..မိုးချိမ်းသံလို့ တစ်ဂျိန်းဂျိန်း။
ဦးး က ဘာကိုဆိုလိုတာလဲ..၊ သူ စဥ်းစား၍ မဆုံးသေးခင်...မြင်လိုက်ရတယ့်မြင်ကွင်းကြောင့်..ရီပေါ် ရူးခါသွားကာ..

"ဦးး ဘာလုပ်နေတာလဲ..၊
ဘာလို့ ဦးးး အကျီတွေကိုချွတ်နေတာလဲ "

ရှောင်းကျန့်က Shirt အကျီကြယ်သီးများကို ကိုယ်တိုင်ကိုယ်ကျတစ်လုံးချင်း ဆွဲဖြုတ်နေရင်း တဟက်ဟက်ထရယ်သည်။
မင်း က ငါ့ကိုလိုချင်နေတာလေ ၊ ခုမှ ဘာလို့ဟန်ဆောင်နေတာလဲ မင်းလဲ အတူတူပဲ ၊ အားလုံးအတူတူပဲ ၊ ငါ့ခန္ဓာကိုယ်ကိုလိုချင်နေကြတာ ၊

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now