Extra(2)

15.5K 1.3K 103
                                    

#####Unicode#####

"ရီပေါ်...ဒီနေ့တော့ အစ်ကို့စောစောပြန်မှဖြစ်မယ်၊အစ်ကို့မိန်းမဗိုက်အပ်မှာမို့လို့ အဲ့ဒါ..."

မျက်မှန်လေးပင့်ကာ..သူ့ကိုတောင်းပန်တိုးလျှိုစွာကြည့်နေသော ကိုကြီးရှောင်လုံကြောင့် ရီပေါ် ဟက်ခနဲရယ်လိုက်မိသည်၊ ဒီလူနဲ့ဒီလူပြောစရာလိုသေးလို့လား...။

"ရပါတယ်ဗျာ၊ ခွင့်ယူချင်လဲအချိန်မရွေးပြောနော်၊ ကျတော်က လူပျိုကြီးပေမယ့်နားလည်မှုရှိပါတယ်"

ထိုစကားကြားတော့ ရှောင်လုံမျက်နှာပျက်သွားတာအသိသာကြီးပင်၊
Boss..က အချစ်ကြီးခဲ့သလို၊
Boss..ကိုခုချိန်ထိမမေ့နိုင်ဘဲ ချစ်နေတယ့်
ဝမ်ရီပေါ်ဆိုတယ့် လူသားတစ်ယောက်ရှိနေသေးတယ်ဆိုတာ သူသိပါ့မလား၊

"ကိုကြီးး...ရှောင်လုံ
လူဝင်စားဆိုတာ..ယုံလား.."

ဆိုင်းမဆင့်၊ ဗုံမဆင့်ထွက်လာတယ့်အမေးစကားက အဆီအလျော်မတည့်၊ ရုတ်တရတ်ကြီး..ဘာထဖြစ်တာလဲ..။ စားပွဲပေါ်ထောင်ထားသော Boss ဓာတ်ပုံကိုကြည့်ပြီးထိုသို့ ခဏ ခဏ မေးတတ်သည်။ခုလဲထုံးစံအတိုင်း..ရိုးရာမပျက် ၊ နောက်ဆုံးတော့လဲ နှစ်သိမ့်စကားသာဖောဖောသီသီပြောလိုက်မိသည်။

"ဒါပေါ့ ရီပေါ်ရ၊
လူဝင်စားဆိုတာ...ငါတော့မမြင်ဖူးပေမယ့်၊ ရှိမယ်လို့တော့ ငါယုံတယ်"

ရီပေါ်ကသူ့အပြောကို သဘောတွေ့သွားပုံပင်၊ လှိုက်လှိုက်လှဲလှဲပြုံးကာ..ထိုင်ရာမှထရပ်လိုက်သည်။ ထို့နောက် မိမိပုခုံးကိုဆုပ်ညစ်လိုက်ရင်း...

"ဦးးး...က..ကတိတည်မှာပါ၊
ကျတော့်ဆီပြန်လာမယ်ဆိုတာ..ယုံတယ်"

ရီပေါ်အလိုကျခေါင်းသာ ညိမ့်ပြလိုက်သည်။
ချမ်းသာသော်လဲ မပြည့်စုံသောလူသားဆိုတာ ဒါမျိုးပင်ဖြစ်လိမ့်မည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ရုံးဆင်းချိန်မို့ လူအသွားအလာများကာ..ကားပိတ်တာက ထုံးစံတစ်ခုလို၊
ယခုလဲ တစ်သီတစ်တန်း ကားရောင်စုံများကြား သူ့ကားလေးဟာလဲ ပိတ်မိလို့...။

Cushion မှာစိမ်ပြေနပြေ မှီရင်း...ဖြတ်သွားဖြတ်လာလူများကိုလိုက်ကြည့်နေမိသည်။ မီးပွိုင့်က အချက်ပြမီး ဝါ ၊စိမ်း၊နီ ကိုကြည့်ကာဘာရယ်မဟုတ် အချိန်တွေကိုတွက်ချက်နေလိုက်သည်။

....."Xiao Oo Oo".....{{ COMPLETED }}Où les histoires vivent. Découvrez maintenant