Chapter (12)

14K 1.4K 49
                                    

///Unicode///

"ဘာပြောစရာရှိလို့လဲ..ယွမ်ရှု.."

Sir..အသံကြောင့်...ယွမ်ရှုအတွေးတွေဟာလဲ..ကြက်ပျောက်..၊ငှက်ပျောက်..။
ထို့နောက်..ကြောင်တောင်တောင်မျက်နှာပေးနှင့်...

"အမ်...​ပြောစရာလား..
နည်းနည်းတော့ရှိတယ်.."

ဆော့လက်စ..Game ကိုခဏရပ်ထားကာ.
ယွမ်ရှုအား..မှင်သေသေကြည့်လိုက်တော့.
အရင်ကလို..မျက်နှာရူးပုံစံနှင့်စပ်ဖြဲဖြဲလုပ်
နေပြီး..

"Sir ရှောင်း...၊ ငါပြောချင်တာ..."

"ဘာ..Sir ရှောင်းလဲ..
နာမည်ကိုအမျိုးမျိုးမခေါ်နဲ့..၊
အိမ်မှာဆိုပေမယ့်..မင်းခုတလောစည်းကမ်းတွေအရမ်းပျက်နေတယ်နော်.."

"အမ်..."

ယွမ်ရှု..အမ်..ခနဲဖြစ်သွားကာရှောင်းကျန့်အားကြည့်လိုက်မိသည်..။ ငါ..ဘာစည်း
ကမ်းတွေများဖောက်ဖျက်မိလို့လဲ..??

သူ့အကြည့်တွေကို..ရှောင်းကျန့်ဘာသာပြန်လိုက်တာက.ဒိုးခနဲ ၊ ဒေါက်ခနဲ..။

"ငါ့ကို..အဲ့ဒီမျက်လုံးတွေနဲ့မကြည့်နဲ့..၊
မင်း..အားအားရှိ..ဟိုကောင်လေးအခန်း
ကိုပဲသွားနေတာလေ...၊ သူ့ကို အဲ့လောက်အဖတ်လုပ်စရာမလိုဘူး..၊ဓားစာခံသက်သက်ပဲဆိုတာ..ငါဘယ်နှစ်ခါပြောရမလဲ...."

ရီပေါ့်အခန်းထဲ..ခဏ ခဏ သွားတာကို
စည်းကမ်းပျက်တယ်လို့..ခေါ်သတယ့်လား၊
ဓားစာခံ..ဆိုရင်လဲဘာလို့အိမ်ကြီးပေါ်တင်ထားပြီးကျောင်းကောင်းကောင်းမှာထားပေးထားလဲ..??
ထားလိုက်ပါ..Sir.ကိုနားလည်နိုင်မယ့်သူ..ဒီကမ္ဘာမှာရှိမှာမဟုတ်ဘူး..။

ရှောင်းကျန့်သိပ်ပြီးစိတ်မရှည်တော့. ။
သူ့အားမှင်သေသေကြည့်ကာ..ခေါင်းညိမ့်လိုက်..ခေါင်းခါလိုက်လုပ်နေသော..ယွမ်
ရှုကြောင့်..ရှေ့မှစားပွဲခုံကို..ဗြောင်းခနဲရိုက်ချလိုက်တော့...

ယွမ်ရှုက..ပြာယာခတ်စွာဖြင့်...

"ဟိုလေ.အတော်ဆုံးကျောင်းသား(၁၀)
ယောက်ထဲမှာ..ဝမ်ရီပေါ်ပါတယ်..."

ရှောင်းကျန့်က..မေးဆတ်ပြကာ..

"အဲဲဒီတော့..ဘာဖြစ်လဲ။
၁၀..ယောက်ထဲပါတာများထူးဆန်းလို့လား
အလယ်တန်းပြီးရင်..International
ကျောင်းကိုပြောင်းပေးလိုက်..."

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now