Chapter (40)

13.2K 1.2K 93
                                    

#####Unicode#####

နံရံကပ်နာရီကြီးကိုစိုက်ကြည့်လိုက်၊
ခေါက်တုံးခေါက်ပြန်လမ်းလျောက်လိုက်လုပ်နေသော လူတစ်ဦးး။ မျက်ခုံးတွေက အလိုမကျမှုကြောင့် သိသိသာသာတွန့်ကျိုးနေကာ နှုတ်ခမ်းပါး​လေးကိုလဲ ခပ်တင်းတင်းစေ့ပိတ်ထားပြန်သည်။

ဒေါသကြောင့် မျက်နှာကအနည်းငယ် ရဲတတ်နေတာအသိသာကြီးပင်။ ပါးစပ်က တောက် တစ်ချက်ခေါက်ရင်းး...စားပွဲပေါ်ထားရစ်ခဲ့သော ဆိုင်ကယ်သော့ နှင့်Phone ကိုသာတစ်ချက်ဝေ့ကြည့်လိုက်သည်။

ထို့နောက် ညု့တုတုအသံလေးက အလိုက်ကမ်းဆိုးမသိစွာဖြင့် နားထဲနောက်တစ်ဖန်ဝင်လာကြသည်။

"ဦးးး..ဒီနေ့လေ သူငယ်ချင်းတွေနဲ့နှုတ်ဆတ်ပွဲရှိတယ်သိလား...အဲ့ဒါကြောင့်ရေမိုးချိုးပြီး အပြင်ပြန်ထွက်သွားတယ်၊
Phone နဲ့ ဆိုင်ကယ်ကိုတော့အိမ်မှာပဲထားခဲ့လိုက်မယ်၊ ကျတော်အပီကဲမှာမို့လို့၊
ဟီးဟီးး..ဒါပဲနော်၊ စိတ်ပူမနေနဲ့ မွ မွ "

ကိုယ့်ကို စကားပြန်ပြောခွင့်မရအောင်...
ကောင်လေးပို့လိုက်တာက အသံမက်ဆေ့ တစ်စောင်လေ။ နေ့ခင်းတည်းကထွက်သွားပုံပဲ၊ ခု နာရီကိုကြည့်ပါဦးးး...10 နာရီစွန်းစွန်းဖြစ်နေပြီ။

"ကျွတ်...ဘယ်တွေလျောက်သွားနေပြီလဲ၊
ဒါမှမဟုတ် တစ်နေရာမှာမူးရူးပြီးမှောက်နေတာလား "

တောင်စဥ်ရေမရလျောက်တွေးလိုက်တော့..ရင်ကနည်းနည်းပူသည်။မိမိဖုန်းကို အိပ်ကပ်ထဲထည့်ရင်းး အိမ်ကထွက်မည်အပြု တုန်ဟီးလာတယ့် Phone လေးကြောင့်လူကဆတ်ခနဲ။

သာမန်ချိန်တွေမှာ ဖုန်းစိမ်းတွေမကိုင်တတ်ပေမယ့် ဒီအချိန်မှာတော့ သူ့မှာရွေးချယ်ခွင့်မရှိ၊ ကောင်လေးက အပြင်ရောက်နေသည်မလား၊ တစ်ခြားဖုန်းနဲ့ ဆက်သွယ်လာရင်
ဆိုသော အကြောင်းပြချက်နှင့်...

"Hello "

မိမိအသံအဆုံးမှာ အလုံးအရင်းပိတ်ဝင်လာတယ့် သီချင်းသံခပ်မြူးမြူးနှင့်..ပရမ်းပတာအော်ဟစ်နေသော ခပ်ညစ်ညစ်အသံများ ၊ တုံ့ပြန်သံပြန်မလာတာမို့...နောက်တစ်ခေါက် Hello လုပ်လိုက်ရသည်။ ထိုအခါမှ...တစ်ဖက်က

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now