Chapter (41)

13.4K 1.1K 174
                                    


#####Unicode#####

"ကျတော်တို့ Canada ကိုသွားရအောင်၊
နောက်ဆုံးအကြိမ်မို့ ဦးလေးယွမ်ရှုကို သွားတွေ့သင့်တယ်"

ရှောင်းကျန့်က...ရေချိုးခန်းထဲမှထွက်လာတာမို့..ကုတင်စွန်းမှာထိုင်နေသော ရီပေါ့်ကိုတစ်ချက်စောင်းကြည့်ရင်း...

"အင်းလေ ၊
သွားတွေ့ပေါ့၊
Flight စီစဥ်ပေးရမလား"

အိပ်ချင်ယောင်ဆောင်နေသောလူကို နိုးရခက်သလို ရူးချင်ယောင်ဆောင်နေသော ကျတော်ရဲ့ ဦးးက လက်ပေါက်ကပ်လွန်းသည်။ ခုလဲ ပြောနေပုံကိုကြည့်...

"ဦးး..Canadaကို မလိုက်ဘူးလို့တော့မပြောနဲ့..၊ ယုတ္တိမရှိဘူး "

ရှောင်ကျန့်က ရေစိုဆံပင်များကို သဘက်နှင့်သုတ်ကာ...သူ့စကားကိုခွန့်တုန်ပြန်သည်၊

"အမှန်ပဲ၊
ငါမလိုက်နိုင်ဘူး၊
နောက်ဆုံးအကြိမ်တွေ့ချင်ရင်
မင်းပဲ သွားတွေ့လိုက်၊
ငါက သူ့ကိုမမြင်ချင်လို့ Canadaကို
လွှတ်လိုက်တာ ၊ တကူးတက လိုက်တွေ့စရာလား..."

"ဦးးး"

ထိုနာမ်စားကိုသာ ဒေါကြီးမောကြီးနှင့်အော်ခေါ်ရင်း ထိုင်နေရာမှထရပ်လိုက်သည်။ ဘယ်လိုဖြစ်ပြီး..ဦးးက နားလည်ရခက်ရတာလဲ၊ သူရဲ့အချစ်ဦးမဟုတ်ဘူးလား၊

"ဒီနေ့ ရှန်ဟိုင်းဘက်ကို...အလုပ်ကိစ္စနဲ့ခရီးသွားရမယ်၊ မင်း..Canada ကိုသွားချင်ရင်သွား၊ ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့"

ရီပေါ်...ပြောစရာစကားများက ကျိန်းသေပျောက်ဆုံးနေခဲ့သည်။ ဦးးမျက်နှာကိုစိုက်ကြည့်နေရုံမှလွဲ၍ ကျန်တာ ဘာ့မှမလုပ်တတ်တော့။

ထိုလူသားက အဝတ်အစားကိုအေးဆေးလဲနေကာ..သာမန်နေ့ရက်တွေလိုပင် အေးအေးလူလူ။ ဝမ်းနည်နဲ့ငိုရှိုက်နေသော ကျတော်နှင့်ပေါ့ပါးသွက်လက်နေသော ဦးးက မသိရင် စ်တ်ဝိညာဥ်ချင်းလဲသွားသလို။

ကျတော့်ပုံစံက အချစ်ဦးသေလို့ ပူဆွေးနေသလိုဖြစ်နေပြီးး...
ဦးး ကတော့ ထိုလူသားသေဆုံးသွားတာကိုစိတ်ထဲမှာပင်မရှိဟု အပြုအမူများက ပြောနေသယောင်။

ဘာလို့ ကျတော်ကယုံရမှာလဲ။
ဦးး..နည်းနည်းမှ မခံစားရဘူးဆိုတာ ကျတော်မယုံဘူး။

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now