Extra(1)

15.9K 1.2K 145
                                    

#####Unicode#####

လေဆိပ်မှာမိမိကို ဟိုကြည့်၊ဒီကြည့်နဲ့လည်ပင်လိမ်မတတ်လိုက်ရှာနေသော....ကျဲကိုကြည့်ကာ ရီပေါ်လှိုက်လှိုက်လဲလဲပြုံးလိုက်မိသည်။ထို့နောက် နှုတ်မှလဲ...

"မမဖေးရန်..."

"ရီပေါ်လေး...."

နှစ်ယောက်သားအတော်ကြာအောင်ပွေ့ဖက်မိကြသည်၊ ပြီးမှလူချင်းခွာလိုက်ကာ...

"ကြည့်စမ်း..သန့်လာ၊ချောလာလိုက်တာ၊Luggage ကိုပေး မမဆွဲပေးမယ် "

ရီပေါ်က ခေါင်းခါရင်း...

"ရပါတယ်...ကျတော့်အသက်က 30တောင်ဖြစ်နေပြီ၊အရင်လိုကလေးမှ မဟုတ်တော့တာဗျာ၊ဒါနဲ့ မမယွီလီရော"

"ဆိုင်မှာလေ ၊
အစက လိုက်လာဖို့လုပ်သေးတယ်၊
ဒီနေ့ လူနည်းနည်းကျနေလို့"

"Omm...ဟုတ်လား"

ဖေးရန် က ရင့်ကျက်လာသော ရီပေါ်ကိုကြည့်ကာခပ်ဖွဖွပြုံးလိုက်သည်။ ရှောင်းကျန့်သေပြီးး 4 နှစ် 5နှစ်အတွင်းမှာ ရီပေါ်က တစ်မှိုင်မှိုင် တစ်တွေတွေနဲ့၊ မိမိတို့တောင် အနီးကပ် 6 လလောက်သွားစောင့်ရှောက်လိုက်ရသေးသည် မဟုတ်လား၊

ခုတော့ အရာရာအဆင်ပြေသွားကာ...
စီးပွားရေးလောကမှာ ဝမ်ရီပေါ်ဆိုသော သူ့နာမည်က မင်းမူလို့၊

"မမ..သွားမယ်လေ၊
ကျတော့်ကိုကြည့်ပြီးး
ဘာငိုင်နေတာလဲ..."

ဖေးရန်လဲ ခုမှသတိပြန်ဝင်လာကာ...

"အင်းးး..ဟုတ်သား၊
သွားရအောင်လေ.."

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"မမ ကျတော်ကြည့်ကောင်းရဲ့လား..."

ရီပေါ်က...နဖူးပေါ်ပြေကျနေသောဆံပင်များကို..ဟိုဆွဲ ဒီဆွဲလုပ်ရင်း..မှန်တင်ခုံရှေ့ပျာယာခတ်နေသည်။ Suit နက်ပြာရောင်လေးနှင့်...စမတ်ကျနေသောထိုလူသားက ပြောစရာမလိုအောင် Perfectဖြစ်လွန်းသည်။

စမတ်ကျနေသောထိုလူသားက ပြောစရာမလိုအောင် Perfectဖြစ်လွန်းသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now