"သခင်လေးနဲ့ ဆေးလုံးသခင်ယန်ကို ကျေးဇူးတင်ပါတယ်ရှင် ကျွန်မယောက်ျားက တစ်ခါ ပြန်ပြီးတော့ လမ်းလျှောက်နိုင်ပြီ" ချောက်ချန်းရှင်း စကားဆုံးသည်နှင့် ရှုန်းရှူကျူသည် ထောင်အောင်းကို ကူညီကာ အဝေးမှ လမ်းလျှောက်လာလေ၏။ သူမ အသံတွင် ပျော်ရွင်မှုများ ရောပြွန်းနေလေသည်။ အကယ်၍ သူမက ထောင်အောင်းကို မတ်တပ်ရပ်ဖို့ မကူညီနေရလျှင် နေရာမှာတင် ဒူးထာက်ကာ သေချာပေါက် ကျေးဇူးစကား ဆိုလိမ့်မည်။

ယန်ချင်ယင်က ထိုအရာကို အခွင့်ကောင်းယူ၍ ရှုန်းရှူကျူကို မေးလိုက်သည် "ဒါက မီးတောက် ဓားတောင်သခင်ပဲ ရှင့်ယောက်ျားရဲ့ ခြေထောက်က ဘယ်လို ကျိုးသွားတာလဲဆိုတာနဲ့ လက်ရှိအခြေအနေကို ပြောပြပေးလိုက်ပါဦး  သခင်ချောက်က ဆေးလုံးသခင်မိုကို ချောက်ဝမ်ဘင်းရဲ့ ပန်းပဲပစ္စည်း သံမဏိ တိုင်လုံးကို ခိုးထားတယ်တဲ့ အခု ဒီအကြွေးကို ဖြေရှင်းဖို့ ရောက်နေတာတဲ့ "

ရှုန်းရှူကျူက ဖြစ်ပျက်နေသည့် အရာများကို ချက်ချင်း သဘောပေါက်လိုက်ကာ အလျှင်အမြန် ဖြေရှင်းပြလိုက်သည် "မဟုတ်ပါဘူး အဲလို မဟုတ်ပါဘူးရှင် ဒီသံမဏိတိုင်လုံးက ကျွန်မ မိသားစုရဲ့ အမွေအနှစ်ပါ ...."

ချောက်ချန်းရှင်းက ချောက်ဝမ်ဘင်းသည် ထောင်အောင်းခြေထောက်ကို ချိုးပစ်ခဲ့သည်နှင့် ရှုန်းရှူကျူဆီမှ သံမဏိတိုင်လုံးကို လုယူသွားသည်ကို ကြားသောအခါ သူသည် အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သောအရာများကို မသိဘဲ နေရမည်နည်း။

သူ့မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာလေ၏။ အကြောင်းမှာ မိုဝူကျီကို မှားယွင်းစွာ စွပ်စွဲမိ၍ မဟုတ်ချေ။ အကယ်၍ ယန်ချင်ယင်သာ မရှိလျှင် ချောက်ဝမ်ဘင်းက အကြောင်းပြချက် ရေရေရာရာမရှိမှန်း သိလျှင်ပင် မိုဝူကျီ၏ အိမ်ကို ဖျက်စီးပစ်ကာ သံမဏိတိုင်လုံးကို အတင်းကြပ် ယူသွားဦးမှာ ဖြစ်လေ၏။ သို့သော် ယခုအခါ ချောက်ဝမ်ဘင်းက သူ့အား လူမိုက်ဌား၍ မိုဝူကျီကို သင်ခန်းစာ ပေးခိုင်းသည်အကြောင်းကို ဒေါသပုန် ထနေလေသည်။ လှည့်ကြည့်လိုက်သောအခါ စာရွက်ကဲ့သို့ ဖြူဖျော့နေသော ချောက်ဝမ်ဘင်းကို တွေ့လိုက်ရ၏။ ရှုန်းရှူကျူက လိမ်ညာလား မလိမ်ညာလား အတည်ပြုရန်ပင် မလိုတော့ချေ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now