အပြန်အလှန်အားဖြင့် မိုဝူကျီသည် စိတ်အေးသွားလေ၏။ ယန်ချင်ယင်က သူ ဓားချောက်ကမ်းပါး သွားထားသည့်အကြောင်းကို လာရောက်စုံစမ်းခြင်း မဟုတ်ပေ။

"ဂျူနီံယာ မောင်လေးမို ဒါက လွန်လွန်းနေမှန်း သိပေမဲ့ မင်းကို ပြန်ပေးဆပ်ဖို့ အဆင့်သုံး ဆေးလုံးဖော်မြူလာတွေရယ် အဲဒီဆေးလုံးအတွက် ဆေးပင်တွေရယ်ကို ပြန်ပေးပါ့မယ် အဲဒါတွေက မင်းကို အဆင့်သုံး ဆေးလုံးဆရာအဖြစ် တိုးတက်လာစေလိမ့်မယ် ဘယ်လိုလဲ....." ယန်ချင်ယင်က လေးလေးနက်နက် မေးကြည့်လိုက်လေ၏။

မိုဝူကျီက ဖြေးဖြေးချင်း စဉ်းစားကြည့်လိုက်၏။ သံစဉ်ခြွေဓားက သူ့အတွက် အသုံးမဝင်ပေ။ ဓား၏ တကယ့်တန်ဖိုးကား ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်သာ  ဖြစ်လေသည်။ ထို့ကြောင့် သူက ယန်ချင်ယင်၏ အခြေအနေကို လက်ခံပေးလိုက်တော့သည်။

ကြည့်ရသည်မှာ ယန်ချင်ယင်က သံစဉ်ခြွေဓား၏ လျှို့ဝှက်ချက်ကို သိရန် ရ၏။ သူမသည် လျို့ဝှက်ပညာရပ်ကို ဓားနှင့်တွဲ လေ့ကျင့်ချင်သည်ဟု အကြောင်းပြကာ တကယ်တမ်းဆိုလျှင် သူမသည်  မိုတူကျီက  တစ်ခုခု ထူးဆန်းနေကြောင်း  မထင်စေလိုပေ။ လူသားသဘာဝအရ အကယ်၍ သူ ဖြစ်နေလျှင်ပင် သူသည်လည်း တိုက်ရိုက်ပြောလိမ့်မည် မဟုတ်ချေ။

"စီနီယာ အစ်မယန်က သံဉ်ခြွေဓားကို တန်ဖိုးထားမှတော့ ကျွန်တော် အစ်မကိုပဲ ပေးလိုက်ပါ့မယ် တကယ်တော့ စီနီယာ အကူညီလိုအပ်နေတဲ့ နောက်တစ်ခု ရှိသေးတယ်ဗျ "

"ပြောကြည့်လေ.." မိုဝူကျီသည် သံစဉ်ခြွေဓားကို ပေးမည်ကို ကြား၍ ယန်ချင်ယင်က ဝမ်းသာသွားလေ၏။

"စီနီယာအစ်မယန် ကျွန်တော့်မှာ အကူညီလိုအပ်နေတဲ့ မိသားစု တစ်ယောက်ရှိတယ် ဒါပေမဲ့ အကြောင်းတချို့ကြောင့် သူမရဲ့ ဝိညာဉ်ကြောက ခွဲထုတ်ခံလိုက်ရပြီးတော့ သူမဝိညာဉ်လမ်းကြောင်းတွေ အကုန်ပျက်စီးသွားတွယ် သူမ မှတ်ဉာဏ်တွေလဲ ပျောက်ဆုံးသွားတယ် စီနီယာအစ်မယန်များ သူမကို ကုသလို့ ရမလားလို့ ကြည့်ပေးလို့ ရမလား..." မိုဝူကျီက ယန်ချင်ယင်နှင့် စတင်သိကျွမ်းကတည်းက ယန်အာကို စမ်းသပ်ကြည့်ခိုင်းချင်နေတာ ဖြစ်လေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now