မိုဝူကျီက လျှောက်လှမ်းသွားလိုက်ပြီး ပခုံးကို ပုတ်ကာပြောလိုက်လေသည် "အစ်ကိုဖေး ကျွန်တော်က အခုထိ မိုဝူကျီပါပဲဗျာ  ကျွန်တော်တို့တွေက မိတ်ဆွေတွေပဲလေ ပေါ့ပေါ့ပါးပါး ဆက်ဆံကြတာပေါ့...."

ဖေးပင်းကျူက အားရပါးရ ရယ်မောလိုက်ပြီး "စီနီယာ အစ်ကိုမိုက တခြားသူတွေနဲ့ ကွဲပြားတယ်ဆိုတာ ကျွန်တော် သိနေတယ်.... အဲလိုဆိုရင်တောင်  ကျွန်တော်က စီနီယာ အစ်ကိုမိုက ကျွန်တော့်ကို ဂျူနီယာ ညီလေးအဖြစ် ခေါ်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ ဂိုဏ်းထဲမှာ  ဝါစဉ်က ကျန်ရှိရတယ်လေ...."

"အဲလိုဆိုတော့လဲ ဟုတ်ပီလေ နောင်ကျ ဂျူနီယာ‌ ညီလေးလို့ ခေါ်မယ်...." မိုဝူကျီက အမြဲတမ်း တည့်တိုးသမား ဖြစ်သည့်အတွက်  မြှောက်ပင့်ပြောသော လူများကို မနှစ်သက်ချေ။ မိတ်ဆွေ ဖွဲ့ရာတွင် သူသည် ဘယ်သောအခါကမှ အဆင့်အတန်းကို ဂရုမစိုက်ဖူးပေ။ ထိုသည်က ယန်ချင်ယင်နှင့် တူလှပေ၏။ သူမသည် သူ့လို အစေခံ တစ်ယောက်ကိုပင် ကူညီသေးသည့်အတွက် ထိုကိစ္စများကို စိတ်ထဲ ထားလိမ့်မည် မဟုတ်ချေ။

လက်တွေ့တွင် မိုဝူကျီက ဖေးပင်းကျူကို နာမည်နှင့် ခေါ်ဖို့ ပို၍ ဆန္ဒရှိလေသည်။ သို့သော်လည်း  ဖေးပင်းကျူအတွက်  ထိုကဲ့သို့  မဟုတ်ချေ။ ဖေးပင်းကျူ မျက်လုံးထဲတွင် မိုဝူကျီက အဆင့်အတန်း အလွန်မြင့်မားသော နေရာသို့ ရောက်ရှိနေလေ၏။ ထို့အပြင် သူနှင့် ဖေးပင်းကျူကြားမှ ဆက်ဆံရေးမှာ  တင်းဘူအာတို့ ယွန်ကျန်းရီတို့နှင့် မတူညီလှပေ။

"စီနီယာ အစ်ကိုမိုက နေဖို့ အထွတ်အထိတ် ဓားတောင် နေရာများ ရှာနေတာလား ....." အလုပ်ခန်းမတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်လာသည့်အတွက် ဖေးပင်းကျူ၏ လေ့လာနှုန်းမှာ ပို၍ လျှင်လာလေ၏။ မိုဝူကျီက ဘာမှ မပြောသေးခင်တွင် သူသည် မိုဝူကျီ လာရသည့် အကြောင်းရင်းကို မှန်းဆပြီးပြီ ဖြစ်လေသည်။

မိုဝူကျီက အမှန်တကယ်ပင် နေစရာ လာရှာရန် ရောက်လာခြင်း ဖြစ်သည်။ သူက ဖေးပင်းကျူ စကားများ ကြားသောအခါ သူက မေးကြည့်လိုက်လေသည် "ဂျူနီယာ ညီလေးဖေး  မင်းက ငါ့ထက် ဂိုဏ်းအကြောင်း နားလည်တာဆိုတော့  ဘယ် အထွတ်အထိပ် ဓားတောင်က  အဆင်ပြေမလဲ...."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now