chapter 84 (End of Book 6)

Start from the beginning
                                    

မိုဝူကျီက တိတ်တဆိတ် နေလိုက်ပြီး တွေးတောနေလေ၏။ မပြောပြဘူးလား.....

"မင်းက ငါတွေ့ဖူးသမျှထဲ အရည်ချင်းအရှိဆုံး ဆေးလုံးဆရာပဲ.... အစကနေ အဆုံးအထိ မင်းရဲ့ ဆေးလုံးဖော်စပ်ခြင်းမှာ အမှားလုံးဝ မတွေ့ရဘူး....." ယန်ချင်ယင်က ပြန်ဖြေလိုက်လေသည် "ပြဿနာက ဆေးလုံးဖော်စပ်ခြင်းမှာ မဟုတ်ဘူး မီးတောက်က အဓိက ပြဿနာပဲ..... မင်းက ဆေးဖော်စပ်ဖို့ မီးကျောက်တုံးကို သုံးတယ် အဲဒါက သာမာန်မီးတောက်ကို သုံးတာထက် ပိုခက်ခဲတယ်.... ပြီးတော့ မင်းက အရည်သွေးနိမ့် ကျောက်တုံးကို ရွေးထားသေးတယ်..... အနီရောင် ကျောက်တုံးက အပူချိန်နိမ့်ရုံသာမက တည်ငြိမ်မှု မရှိဘူး..... ရလဒ်က ဆေးအဆီအနှစ်‌ ပေါင်းစပ်ခြင်းမှာ မပြီးပြည့်စုံခြင်းကို ဖြစ်စေတာပဲ....."

သူမက သူ့ကို ထပ်ရှင်းပြမည်ဟု ယုံကြည်နေရင်း မိုဝူကျီက ယန်ချင်ယင်စကားများကို တိတ်တိတ်လေး နားထောင်နေလေသည်။ မျှော်လင့်ထားသည့်အတိုင်း သူမက ဆက်ပြောလိုက်လေ၏ "မင်းမြင်တဲ့အတိုင်း ဆေးလုံးသခင်ဂျူ နဲ့ ဆေးလုံးသခင်ရှီတို့က အဆင့်သုံး ဆေးလုံး ဖော်စပ်နိုင်ကြတယ် ဒါပေမဲ့ ဆေးလုံးသခင်ဂျူက အဆင့်လေး ဆေးလုံးသခင်ဖြစ်ဖို့ သိပ်မလိုတော့ဘူး ဆေးလုံးသခင်ရှီကတော့ မင်းအကူညီနဲ့ ဆေးလုံးဖော်စပ်ခဲ့ရတယ်.....အရေးကြီးဆုံးက သူတို့ရဲ့ ကျင့်ကြံခြင်းတွေက မင်းထက် မြင့်နေတာပဲ အဲဒါကြောင့် မီးတောက်ကို ထိန်းချုပ်ရာမှာ ဝိညာဉ်စွမ်းအားကို ထည့်သုံးတော့ ပိုမို လွယ်ကူသွားတယ်...... တကယ်လို့ ငါသာ မမှားရင် မင်းက ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် အစောပိုင်းမှာ ဖြစ်လောက်မယ်..... အဆင့်နှစ် ဆေးလုံးဆရာမှာ အနိမ့်ဆုံး ဝိညာဉ်လမ်းကြောင်းဖွင့် မြင့်မားတဲ့ အဆင့်လောက် ရှိသင့်တယ်....."

ထိုသို့ဆိုလျှင် သူ့၏ ကျင့်ကြံဆင့်နှင့် ပြဿနာ ရှိနေသည်လား....

မိုဝူကျီက သူ့ကိုယ်သူ ညဉ်းညူမိလေ၏။ အရင်က ကျရှုံးသောအခါ သူ့ကျင့်ကြံဆင့်ကား အလွန်နိမ့်ကျနေသည့်အတွက် ဖြစ်ရမည်ဟု မယူဆခဲ့ဘူးလား....... သူ့ဝိညာဉ်စွမ်းအားများသည် ပေါင်းစပ်ခြင်း ဖြစ်စဉ်အတွက် သူ့မျှော်မှန်းထားသည့်အတိုင်း လက်ဟန်ဖြင့် မပေါင်းစပ်နိုင်ပေ။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now