မူလအစက ဆေးလုံးသခင်ရှီသည် ဆေးဖော်စပ်ရန် မြန်မြန် အစပြုလိုက်သော်ငြား ရုတ်တရက် ရပ်တန့်လိုက်လေသည်။ သူက မိုဝူကျီကို မယုံကြည်မှုများနှင့် သရော်ကာ ပြောဆိုလိုက်သည် "သာမာန် အစေခံတစ်ယောက်က ငါ ဆေးဖော်စပ်တာ ကြည့်ချင်တာတဲ့လား....."

ထိုလူသည် အဆင့်နှစ် ဆေးလုံးဆရာမျှသာ ဖြစ်သေးသော်လည်း မိုဝူကျီ အပေါ်တွင် အမှန်တကယ် အထင်မြင်သေးလှစွာ ဆက်ဆံနေသည်။ မိုဝူကျီက စိတ်ထဲတွင် မကျေနပ်ချေ။ သို့သော် မိုဝူကျီ သိရှိသလောက်တွင် ဂိုဏ်းအတွင်းရှိ အဆင့်နှစ်‌ ဆေးလုံးဆရာကား မြင့်မားသော အဆင့်အတန်း ရှိကြသည်။

မိုဝူကျီက စိတ်ထဲမှ လှောင်ရယ်လိုက်ပြီး ကိုယ်ရည်သွေးကာ စပြောတော့သည် "ဆေးလုံးသခင်ရှီ.....အရင်က ရွာထဲမှာ ကျွန်တော်မှာ နာမည်ပြောင်တစ်ခု ရှိတယ်...... မောင်ကံကောင်းတဲ့..... ကျွန်တော်သာ အနီးအနားရှိရင် ဘေးနားက လူတွေရဲ့ အောင်မြင်နှုန်းကလဲ အရမ်းကို မြင့်လာကြတာ..... ကျွန်တော့ အိမ်နီးချင်းကလဲ ဆေးဆရာပဲ သူဆို သူဆေးဖော်စပ်တိုင်း ကျွန်တော့်ကို ဘေးနား ခေါ်ထားတတ်တာ......."

ဆေးလုံးသခင်ရှီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည် "မင်းလောက်‌ လေကြီးတဲ့ အစေခံကို တစ်ခါမှ မတွေ့ဖူးဘူး..... ကောင်းပြီလေ..... ဒီနေ့တော့ မင်းကို ငါ့အလုပ် ကြည့်ခွင့်ပေးမယ်.....ဒါပေမဲ့ မအောင်မြင်ခဲ့ရင် မင်းကိုယ်မင်း ဓားချောက်ကမ်းပါးကနေ ခုန်ချလိုက်တော့......"

မိုဝူကျီက ထိုဓားချောက်ကမ်းပါး အကြောင်းကို ကြားဖူး၍ တုန်ယင်သွားလေ၏။ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းရှိ မတ်စောက်လှသော ချောက်ကမ်းပါးဘေးတွင် ကြီးမားလှသည့် ဓားကျိုး ချိတ်ဆွဲထားလေသည်။ထိုသည်က ဂိုဏ်း၏ အပြစ်သားများကို ထိုချောက်ကမ်းပါးထဲ ပစ်လွှတ်တတ်သည်ဟု ကောလဟာလ ရှိလေ၏။

"အာ...... အဲဆို ကျွန်တော် မကြည့်တော့ပါဘူးဗျာ......" သူက ရေဗေဒါထပ်၍ ထည့်လျှင်ပင် အဆင့်နှစ် ဆေးဖော်စပ်ခြင်းကို လမ်းကြောင်းတည် ဆေးအဖြစ်‌ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆေးလုံးသခင်ရှီကို တစ်ချက်ကြည့်လိုက်သည်နှင့် သူကား စွမ်းဆောင်နိုင်စွမ်း မရှိသည့်လူမှန်း သိသာလေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Nơi câu chuyện tồn tại. Hãy khám phá bây giờ