"Yah!  Baekhee..... နင့်လက်မှာ သွေးထွက်နေတယ်... "

Sehun Oppa ပြောမှဘဲ ကိုယ့်လက်ကိုယ့ကြည့်မိတော့တယ်... ဟုတ်ပါ့... ရှသွားတာနဲ့တူတယ်...

"ရှေ့မှာရပ်ထားတဲ့ကားက Chanyeol ကားမလား... ဘယ်လိုတွေဖြစ်တာလဲ "

ကိုယ်ဘာမှမရှင်းပြရသေးခင်မှာပဲ... ရဲစခန်းထဲကို ပြေးဝင်လာတဲ့ကိုကို....

"ကလေး..... ဘယ်နားထိသွားသေးလဲဟင်... ကိုကို့ကားကို ကျောင်းသူတစ်ယောက်ရိုက်ခွဲလိုက်တယ်ဆိုကတည်းက ကလေးမှန်းကိုကို သိလိုက်တယ်.... "

ကိုကို့မျက်နှာက သွေးမရှိသလို ဖြူဖျော့နေသည် ။

"ခင်များက ကားပိုင်ရှင်လား...... "

ကြားဖြတ်မေးတဲ့ ရဲရဲ့အမေးကို ကိုကိုက

"ဟုတ်ပါတယ်.... ကျွန်တော် အမှုလည်းမဖွင့်ပါဘူး... ကျေအေးပေးပါတယ် "

"Chanyeol ah..... "

ဘွားတော်ရဲ့ မချိတင်ကဲ အသံကို ကိုကိုက လှည့်ကြည့်ရင်း...

"Hyun Joo Ssi ... ဒါကျွန်တော့်ကောင်မလေးပါ... "

"Chanyeol ah... Baekhee လက်ထိနားတယ် ဆေးရုံသွားရမှာ... ငါ့ကားယူသွားလိုက်လေ... "

Jongin ကလည်း သူ့ကားသော့လှမ်းပေးရင်း ပြောတယ်...

"ကိုကို ကားသွားယူနှင့်ပါ... "

ကိုကိုထွက်သွားတော့ ဘွားတော်က ကျွန်မနားရောက်လာသည် ။

"ကျောင်းသူလေးက ငါတို့ Chanyeol ဆီကို ငွေအတွက်ကပ်နေတာ မသိဘူးထင်နေလား.... ဒီတခါပြီးသွားပေမယ့် နောက်ကြုံဦးမှာပါ... "

သူများကိုများ ကျောင်းသူလေး လေးဘာလေးနဲ့ သူကဖြင့် ကိုကိုနဲ့ရွယ်တူရုံကို..

"ဘယ်တုန်းက ကိုကိုက ရှင့် Chanyeol ဖြစ်သွားတာလဲ... ရှင်သိထားဖို့က အဲ့ကားက ကိုကို့ကို ကျွန်မဝယ်ပေးထားတာ... ရှင့်လိုကားမရှိလို့ သူများကားငှါးမောင်းနေတာ မဟုတ်ဘူး... "

ဘွားတော်ကို အနိုင်ပိုင်းပြီး ထွက်လာတော့ သူ့ကားက workshop ပို့ထားကြောင်း ကားရှိကြောင်း အော်ပြောနေသေးသည် ။

"ခင်ဗျားနောက်ဆို Chanyeol နားမကပ်ရင် ပိုကောင်းမယ်... Baekhee ပဲ ထိခိုက်ရတယ် "

She Is A Baby (ChanBaek)حيث تعيش القصص. اكتشف الآن