"ဝူကျီ.... မင်းလန့်နေပြီလား..... ငါလဲ ပထမ မြင်ကာစက အရမ်းလန့်သွားခဲ့တာ......" တင်းဘူအာ အသံသည် ထွက်ပေါ်လာလေသည်။

ထိုအခိုက်အတန့်တွင် ဝူကျီသည် သူတစ်ယောက်တည်းသာ အံ့ဩနေသည် မဟုတ်တာကို တွေ့လိုက်ရ၏။ ကမ်းစပ်တွင် လူအများနှင့် ပြည့်နေလေသည်။

"ဝူကျီ.... မြန်မြန် ပစ္စည်းသိမ်းတော့.... သင်္ဘောပေါ် ငါနဲ့လိုက်ခဲ့...... ဘူအာ မင်းလဲ မင်းမမလေးနဲ့ အတူ လိုက်ခဲ့တော့....." ယွန်ကျန်းရီသည် လူထုကြားမှ ထွက်လာကာ ပြောလိုက်သည်။

တင်းဘူအာသည် သူသည် ဟန်နင်နောက်လိုက်ကာ သင်္ဘောပေါ် လိုက်ရမည် ဖြစ်ကြောင်း နားလည်သွား၏။ "ဝူကျီ... အစ်ကို ကျန်းရီ....ကျွန်တော် အရင်သွားနှင့်ပြီ...ချန်လောင်ကျ ပြန်တွေ့ကြမယ်....."

ယွန်ကျန်းရီသည် ရယ်လိုက်ကာ "ဘာ ချန်လောင်လဲ.... ငါတို့ သင်္ဘောပေါ်ကျ ပြန်တွေ့မှာပဲကို..... သင်္ဘောပေါ်က တင်းကျပ်ထားတဲ့ တချို့ စည်းကမ်းလေးတွေ ရှိပေမဲ့လဲ ပိုက်ဆံရှိသရွေ့ အေးဆေးနေလို့ ရပါတယ်ကွာ...."

ယွန်ကျန်းရီသည် ကြင်နာဟန် ရှိသည့် နိုဘယ်အမျိးသား ဂျီရှင်းကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဖြစ်၏။ မိုဝူကျီသည် သင်္ဘောပေါ် ကျန်းရီနောက်လိုက်သွားသည့်အခါ သူသည် ဘာမှ မပြောဘဲ ပြုံးကာ ခေါင်းညိတ်ပြလေသည်။

တစ်နာရီကြာပြီးနောက် မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် လူငါးဆယ် ဝေမျှရသော အိမ်အတွင်းသို့ ချမှတ်ခံလိုက်ရသည်။

"ကျန်းရီ.... ငါတို့ ဒီမှာ နေနေရင် ဂျီရှင်းမှာ တစ်ခုခု ဖြစ်ရင် ငါတို့ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ....." မိုဝူကျီသည် လူသစ်လေး မဟုတ်တော့သောကြောင့် သင်္ဘောသည် မည်မျှ အန္တရာယ်များနိုင်ကြောင်း သိ၏။

"သူ့မှာ ကိုယ်ပိုင် သက်တော်စောင့်ရှိတယ်..... တခုခု ဖြစ်ရင် ငါတို့က အမြန်သွားရုံပဲ.... တကယ်တမ်း ငါတို့လို အစောင့်တွေက သခင်လေးကို ပင်လယ်မကောင်းဆိုးဝါးကနေ ကာကွယ်ပေးရင် ရပြီ.... ချန်လောင်သွားတဲ့လမ်းမှာ ပင်လယ်မကောင်းဆိုးဝါးတွေ ခဏတိုင်း တိုက်ခိုက်ကြတယ်လို့ ကြားထားတယ်.... အဲလိုဖြစ်ရင် ငါတို့ အပြေးအလွှား သွားပြီး ကာကွယ်ပေးရုံပဲ..... ပြီးတော့ သူကလဲ ငါတို့နဲ့ တစ်ထပ်တည်းမှာပဲ.... အတော်ဆုံး ပါရမီရှင်တွေကသာ မြင့်တဲ့ အထပ်တွေမှာ နေလို့ရတာ.... ပြီးတော့ တစ်ခုခု ဖြစ်ရင်တောင် မင်းသွားဖို့ မလိုပါဘူး.... ဂျီရှင်းက မင်း ချန်လောင်ကို သွားဖို့ ဒေါ်လေးဆယ့်တစ်နေရာ ဝင်ထားတယ်ဆိုတာ နားလည်ပါတယ်.... မင်းက တကယ့်အစောင့်မှ မဟုတ်တာ...." ယွန်ကျန်းရီသည် ရှင်းပြလိုက်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Dove le storie prendono vita. Scoprilo ora