ထောင်ပချီသည် နှာခေါင်းရှုံ့ကာ "သူက ငါ့ပိုက်ဆံတွေယူပြီး ဘေးကင်းပြီများ အောက်မေ့နေလား.....ကျားကျင်း မင်းနဲ့အတူ နှစ်ယောက်ကို ခေါ်သွားပြီး ရွှေပြားတွေ ပြန်ယူရင်း သူ့ကို လက်စတုန်းခဲ့...... ဒီနေရာက ဝေးမှ လုပ်လိုက်..... သပ်သပ်ရပ်ရပ်လုပ်.... ဘာလက်ရာခြေရာမှ မကျန်စေခဲ့နဲ့....."

မိုဝူကျီသည် ထောင်ပချီသည်လည်း သူကဲ့သို့ စဉ်းထားထားမည်မှန်း မထင်ထားခဲ့ပေ။ သူသည် ထိုဖက်တီးအား သူ့နေရာက ထွက်သည်နှင့် သတ်ပစ်ရန် ကြံရွယ်ထားလေသည်။ မိုဝူကျီသည် ဤနေရာတွင် မပုန်းနေရပါက ထိုဖက်တီးသည် အလျှင်အမြန် ထွက်သွားလိမ့်မည် ဖြစ်ကြောင်း သတိမပြုမိလောက်ချေ။

"သခင်လေး.... အဲဆို ကျွန်တော် သွားလိုက်ပါဦးမယ်.... မစိုးရိမ်ပါနဲ့..... ကျွန်တော် ရွှေပြား‌တွေ ပြန်ယူခဲ့ပါ့မယ်...." ကျားကျင်းဟု ခေါ်သော အမျိုးသားသည် ပြောလိုက်ပြီးနောက် မိုဝူကျီက တံခါးပိတ်သံကို ကြားလိုက်ရသည်။

မိုဝူကျီသည်  ခြေသံများ လုံးဝပျောက်ကွယ်သွားသည့်အခါ တံခါးခေါက်လိုက်၏။

"ဘယ်သူလဲ...."ထောင်ပချီသည် မေးလိုက်လေသည်။

မိုဝူကျီသည် ကျားကျင်းအသံကို တုကာ ညင်သာစွာ ပြောလိုက်သည "သခင်လေး.... ကျွန်တော့်မှာ ပိုကောင်းတဲ့ အစီအစဉ်တစ်ခုရှိတယ်.... ဝင်လာပြီး ဆွေးနွေးလို့ ရမလား...."

မိုဝူကျီသည် အစက ပြတင်းပေါက်မှ ကျော်ဝင်ရန် ကြံစည်ထားသော်ငြား ကျားကျင်းအသံ ကြားပြီးနောက်တွင် အစီအစဉ် ပြောင်းလိုက်သည်။

"ကျွီ...." တံခါးသည် နောက်တစ်ခါ ထပ်ပွင့်လာသည်။

မိုဝူကျီသည် အခန်းထဲသို့ အလျှင်အမြန် ဝင်လိုက်ပြီး ထောင်ပချီ၏ နားထင်ကို အားနဲ့ ရိုက်ချလိုက်သည်။

ထောင်ပချီသည် ကျားကျင်းသည် သူ့အား ရိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မိုဝူကျီမှန်း မသိခင်တွင်ပင် ခေါင်းနောက်မှ အသံကြားလိုက်ရပြီး မေ့သွားလေသည်။

မိုဝူကျီသည် သူတံခါးခေါက်သည့်အတွက် စိတ်အေးသွားလေသည်။ ထို့နောက် ဆေးပုလင်းကို ဖွင့်ကာ ထောင်ပချီ ပါးစပ်ထဲ လောင်းချလိုက်လေသည်။ သူသည် ထိုဆေးက ထောင်ပချီအား တစ်နေကုန် မေ့နေစေလိမ့်မည်ဟု သေချာသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now