မိုဝူကျီသည် မသရော်ခင် ခဏ ရပ်တန့်လိုက်သည် "ခင်ဗျားရှာထားတဲ့ ငွေလေး သုံးမသွားရမှာကို စိုးရိမ်မိပါ့ဗျာ.... ခင်ဗျားကို ကျွန်တော် ကိုယ်တိုင် သတ်စရာမလိုဘူးနော်..... ဒီက အင်မော်တယ်သခင်တွေဆီ သတင်းပို့ တင်ပြလိုက်ရုံပဲ....."

မိုဝူကျီသည် စကားဆုံးသည်နှင့် ဓားကို ပြန်ချထားလိုက်ကာ  ဖက်တီးအား မထီမဲ့မြင်  ကြည့်လိုက်သည်။

ဖက်တီးသည်ကား ချွေအေးများ ထွက်လာလေသည်။ မိုဝူကျီပြောသည်က မှန်ကန်ပေသည်။ အကယ်၍ မိုဝူကျီသာ ထိုကိစ္စအား မတိုင်ကြားပါက သူအဆင်ပြေလိမ့်မည်။ သို့သော် မိုဝူကျီကဲ့သို့ ပြုမူရဲသည့် သူက  ကြီးမားသော ဆုံးရှုံးခံရ ပြီးသည့်နောက် မတိုင်ကြားဘဲ နေမည်လား...... ဖက်တီးသည် လောဘကြောင့် မှောင်မိုက်ကာ  အသက်အန္တရာယ်ကို ဂရုမပြုမိချေ။

သူသည် သေချာပေါက် လူများစွာရှေ့တွင် အရှက်မဲ့စွာ မပြုမူနိုင်ချေ။ အကယ်၍ သူလုပ်ခဲ့ပါက သူသည် သေခြင်းနေတာသာ ဖြစ်ရမည်။

"အာ.... ဒီမှာ အမှားလုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..... ကျွန်တော်က ပိုက်ဆံကြောင့် မျက်ကန်းဖြစ်သွားပြီး ခင်ဗျားနဲ့ စကားပြောပြီးသား ဆိုတာ မေ့သွားခဲ့တယ်....." ဖက်တီးသည် မိုဝူကျီအား ထိုမိန်းကလေး၏ သံကြိုးသော့ကို ပေးလိုက်၏။ သူ့အသက်သည် သူရှာနိုင်သည့် အမြတ် ရွှေပြားတစ်ထောင်ထက် ပိုအဖိုးတန်လှ၏။

မိုဝူကျီသည် အင့်ခနဲ ယူလိုက်ပြီး သံကြိုးကို ဖြေကာ သံကြိုးနှင့် သော့အား အဝေးသို့ လွှင့်လိုက်သည်။ တစ်ချိန်တည်းမှာ သူသည် အိတ်ထဲမှ  ရွှေပြား ၁၀၀၁ ပြားနှင့် ကြေးတစ်ပြားကို ယူကာ ဖက်တီးအား ပေးလိုက်သည်။

အကယ်၍ သူ့မျိုးနွယ်စုမှ ဖြစ်နိုင်သော မိန်းကလေးကို ကယ်တင်ဖို့သာ မဟုတ်လျှင် သူသည် အလွယ်တကူ သဘောတူမည် မဟုတ်ပေ။ သူမကို ဝယ်လျှင်ပင် အများဆုံး ရွှေပြား ငါးဆယ်မှ တစ်ရာကြားသာ အသုံးပြုလိမ့်မည်။

မြောက်ဖက်ပိုင်း ချင်၏ မိုမျိုးနွယ်စုမှ မျိုးဆက်ကို ရောင်းဖို့ ကြိုးစားခဲ့သည့် ဖက်တီးကို မြင်၍ မိုဝူကျီအား သူ့အား အသာတကြည် အလွတ်ပေးရန် စိတ်ကူးမရှိချေ။

လူသားသစ်စာ (Zawgyi version) (1 - 200)Waar verhalen tot leven komen. Ontdek het nu