String (Part 35)

275 16 0
                                        

String

Final

Soon Young ... Jin ဆီကို ရောက်သွားတော့ Jin က စာရွက်ပုံတွေကြားထဲ အလုပ်တွေရှုပ်နေတာကြောင့် သူမ ဝင်လာတာကို ပင်မသိချေ ...... သူမ အနည်းငယ် အသံပြုလိုက်မှ သူမော့ကြည့်လာကာ

"ဟင် ... Soon ... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

"ဒီမှာလေ ... Jin နဲ့ အတူ ညနေစာစားရအောင် လာခဲ့တာ ... Jin အခုအချိန်အထိ ညနေစာ မစားရသေးဘူး မဟုတ်လား"

လက်ထဲမှာ ပါလာတဲ့ အထုပ်တွေကို မြှောက်ပြရင်း ပြောလာတဲ့ ချစ်သူကြောင့် Jin ပြုံးလိုက်မိသည်။ ဟိုပြေးဒီပြေးနှင့် ဒီနေ့ တစ်နေကုန် ပြုံးဖို့ မေ့နေခဲ့တာကြောင့်လားမသိ ... သူ့မျက်နှာပေါ်က အကြောတွေရဲ့ တောင့်တင်းမှုကိုပါ ခံစားလိုက်ရ၏။ သူမ ညနေစာ ဆိုမှ သူ လက်မှ နာရီကို ကြည့်မိတော့ ည ကိုးနာရီခန့်ပင် ရှိနေပြီ ... နေ့လည်ကတည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်က တကြုတ်ကြုတ် မြည်ကာ ဆန္ဒပြနေလေပြီ

"ဟုတ်သားပဲ ဒီအချိန်တောင် ရောက်သွားပြီကိုး ...... စာရင်းတွေပြန်ကြည့် နေတာနဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်းမသိဘူး ...... ခဏလေး စောင့်ပေးနော် ...... ကိုယ်ဒါလေးတွေ လက်စသပ်လိုက်ဦးမယ်"

"အင်း ...... ပြီးအောင်လုပ်လေ ...... စားဖို့ Soon ပြင်ထားလိုက်မယ်"

သူ့ အလုပ်တွေ ပြီးစီးလို့ Soon Young ထိုင်တဲ့ နေရာကို လှမ်းကြည့်လိုက်တော့ သူမက အိပ်ငိုက်နေလေသည်။ သူ လက်စသပ်တယ် ဆိုတာက တစ်နာရီကျော်ကျော်လောက် ကြာသွားသည်ကိုး ...... Jin သူမ အနားသွားကာ အိပ်ငိုက်လို့ စောင်းကျနေတဲ့ သူမ ခေါင်းလေးကို လက်နှင့် ထိန်းလိုက်တော့ သူမ နိုးလာကာ အိပ်ချင်မူးတူးဖြင့် သူ့ကို ပြန်ကြည့်လာ၏။ သူများတွေနဲ့ဆို လူကြီးဆန်ဆန်နေတတ်တဲ့ သူမက သူ့ရှေ့မှာ ဆိုရင်တော့ ကလေးလေး တစ်ယောက်အတိုင်းပင် ...

"aigoo ...... အိပ်ငိုက်နေလိုက်တာ ကလေးလေး အတိုင်းပဲ"

Jin သူမ ခေါင်းလေးကို ဖွဖွလေး ပုတ်ကာပြောလိုက်တော့ သူမက သွားညီညီလေးတွေ ပေါ်အောင်ရယ်လျှက်

"mianae ...... Jin အလုပ်လုပ်တာ ထိုင်ကြည့်ရင်းနဲ့ ခဏ အိပ်ငိုက်သွားတာ ... ဟင်းတွေတော့ အေးကုန်ပြီ ...... မြန်မြန်စားရအောင်"

String [Completed]Where stories live. Discover now