String
Part 27
"ဥက္ကဌကြီး အခန်းထဲမှာ ဧည့်သည် ရောက်နေတယ်"
ရုံရောက်ရောက်ချင်း မျက်စိပျက်မျက်နှာပျက််နှင့် ပြောလာတဲ့ သူ့အတွင်းရေးမှူးကို Mr.Shin မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ရင်း
"ဘယ်က ဧည့်သည်လဲ ငါလည်း မချိန်းထားဘဲနဲ့"
"ကျွန်တော်လည်း တားပါသေးတယ် ဘယ်လိုမှ တားလို့မရဘဲ အတင်းဝင်သွားတာ"
Mr.Shin သူ့ရုံးခန်းထဲဝင်လိုက်တော့ သူ့ထိုင်ခုံမှာ အခန့်သားထိုင်နေတဲ့ Gan Jaung Woo ကို တုန်လှုပ်ခြောက်ခြားဖွယ် တွေ့လိုက်ရလေသည်။ သူ့ကို မြင်တော့ Jaung Woo က မခန့်လေးစားဖြင့် ပြုံးရင်း မတ်တပ်ထရပ်ကာ
"ဒီနေရာမှာ ထိုင်လိုက်တော့ …… ဒီနေရာကို လိုချင်စိတ်ပေါက်မိသွားတယ် …… ဥက္ကဌကြီး တုန်းကလည်း အဲ့လိုဖြစ်ခဲ့တာနဲ့ တူတယ်နော် …… ဒီနေရာကို ပိုင်ဆိုင်တဲ့ လူရော ပိုင်ဆိုင်ရမယ့် လူရောကို သတ်ပစ်လောက်ရတဲ့ အထိလေ"
Mr.Shin သူ့နောက်က အတွင််းရေးမှူးကို ထွက်သွားဖို့ အရိပ်အကဲ ပြလိုက်၏။ သူ့အတွင်းရေးမှူး ထွက်သွားတော့မှ Jaung Woo အနားသွားကာ ကော်လံစနှစ်ဖက်ကို ဆွဲလိုက်ရင်း
"မင်း ဘာလိုချင်တာလဲ …… ဘာလိုချင်လို့ ငါ့ရှေ့မှာ ပေါ်လာရတာလဲ"
Jaung Woo က Mr.Shin ရဲ့ လက်တွေကို ပုတ်ချကာ
"ဘာလို့ စိတ်တွေ အရမ်းလှုပ်ရှားနေတာလဲ …… အေးအေးဆေးဆေးပေါ့"
"မင်း ဘာလိုချင်တာလဲ ပွင့်ပွင့်လင်းလင်းပြော"
"တကယ်လား …… တကယ််ပေးမှာလား …… ဒီနေရာကို လိုချင်တယ် ဆိုရင်ရော"
"ဘာ!!!! မင်းဘာပြောတယ် … မင်းကများ ရာရာစစ"
"ခင်ဗျား ကျုပ်အပေါ် လုပ်ခဲ့တာနဲ့ စာရင်တော့ ဒီနေရာက နည်းနေပါသေးတယ် …… ကျုပ် လက်နဲ့ ခင်ဗျားကို အခုချက်ခြင်း ဒီနေရာက ဆွဲချလိုက်လို့ရတယ် ဆိုတာ မမေ့ပါနဲ့"
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား …… လုပ်ကြည့်လိုက်စမ်းပါ မင်းလိုလူတစ်ယောက်ရဲ့ စကားကို ဘယ်သူက ယုံမလဲ ဆိုတာ သိချင်လို့"
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)