String (Part 29)

172 20 0
                                        


String

Part 29

"Jin andwe !!!!"

Ji Na အိပ်ရာမှ မောဟိုက်စွာဖြင့် ထထိုင်ပြီး သူမ ဘေးနားစားပွဲပေါ်က ရေကို အားရပါးရ မော့သောက်ချလိုက် မိသည်။ ဒါတောင် သူမ နှလုံးခုန်သံတွေက မြန်နေဆဲ ...... အိမ်မက်ထဲက ကြောက်မက်ဖွယ်ရာ အကြောင်းအရာတို့က သူမ ခေါင်းထဲ ပြေးလွှားလျှက်ရှိလေသည်။ ပါးပြင်ပေါ်က ပူနွေးစိုစွတ်လာမှုကြောင့် သူမပါးကို သူမ ပြန်စမ်းကြည့်မိတော့...... မျက်ရည်တွေ ...... အိမ်မက်ဆိုးကြောင့် သူမ မျက်ဝန်းထက်က တလိမ့်လိမ့်ကျဆင်းနေတဲ့ မျက်ရည်တွေ ...... အိမ်မက်ထဲမှာ Jin သေသွားသည်တဲ့လေ ......

"arni ...... မဟုတ်ဘူး ...... မဟုတ်ဘူး ...... Oppa ဘာမှမဖြစ်စေရဘူး"

သူမ နားနှစ်ဖက်ကို ပိတ်ကာ ခေါင်းကို တွင်တွင်ခါယမ်းလိုက်မိသည်။

"မမလေး ...... မမလေး"

Yoon က အခန်းဝမှ တံခါးခေါက်ပြီး ခေါ်နေတာကြောင့် သူမ မျက်ရည်တွေကို သုတ်ကာ အခန်းတံခါး ထဖွင့်ပေးလိုက်၏။

"မမလေး ...... နေကောင်းရဲ့လားဟင် ...... မနေ့က Yoon ဖြင့် အရမ်းစိုးရိမ်သွားတာပဲ ...... အကိုလေး Jin လည်း တော်တော်ညည့်နက်မှ ပြန်သွားတယ်"

"Jin ???"

"ဟုတ်တယ်လေ ......မမလေး မမှတ်မိဘူးလား ... မနေ့က အကိုလေးကားကို ဝင်တိုက်မိပြီးတော့ ...... အကိုလေးက အိမ်ပြန်ခေါ်လာပေးခဲ့တာလေ ......"

သူမ ခေါင်းတွေပိုကိုက်သွားမိသည်။ Yoon ပြောပုံ အရဆို Jin သူမ အခန်းထဲကို ရောက်ခဲ့တာပေါ့ ...... သူမ စားပွဲပေါ်မှာ ထောင်ထားတဲ့ အမေ့ပုံကို လှမ်းကြည့်လိုက်မိသည်။ သူမ က Soon Young ဆိုတာ သူသိသွားပြီလား ......

"မမလေး ...... နေကောင်းရဲ့လား"

သူမကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်ကာမေးနေတဲ့ Yoon ကို အသာလေး ပြုံးပြရင်း

"မမ ...... ဘာမှမဖြစ်ပါဘူး Yoon ရဲ့ ...... မစိုးရိမ်ပါနဲ့ ...... ဒါနဲ့ Yoon လက်ထဲက ခွက်က"

"မမလေးဖို့ ... arjuma က ပျားရည်ဖျော်ပေးထားတာလေ ...... ခေါင်းကြည်အောင်လို့"

သူမ Yoon ကမ်းပေးလာတဲ့ ပျားရည်ခွက်ကို ယူကာ သောက်လိုက်၏။ Yoon ကတော့ သူမ ရေချိုးရန် အတွက် ရေချိုးခန်းထဲ ဝင်ကာ ရေစပ်ပေးနေလေသည်။ Yoon ရေချိုးခန်းထဲက ပြန်ထွက်လာတော့ သူမ ရေချိုးဖို့ အသင့်ဖြစ်နေလေပြီ ......

String [Completed]Tempat cerita menjadi hidup. Temukan sekarang