String (Part 9)

205 22 0
                                        

String

Part 9

ဆေးရုံရဲ့ canteen မှာ ခေါင်းချင်းဆိုင် နေတဲ့ ဆရာဝန် ကောင်လေးနဲ့ ကောင်မလေး ...... ဘေးနားက လုပ်ဖော်ကိုင်ဘက်တွေက လည်း သူတို့နှစ်ယောက်ကို တစေ့တစောင်း အကဲခတ်ကြည့်နေကြလေသည်။

"ကူညီပါ Hae Yoon ရာ ...... နင်က Soon Young ကိုခေါ်လာပေးရုံပဲ"

Hae Yoon ရင်ထဲ ဆို့နင့်သွား၏။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်သူငယ်ချင်းနဲ့ date လုပ်ဖို့ ကူညီပေးရန် တောင်းဆိုနေတာကို သူမ ဘယ်လိုခံစားချက်မျိုးနဲ့ ကူညီပေးရမှာလဲ။

"ငါလည်း ကူညီချင်ပါတယ် ဒါပေမယ့် Soon သိရင် ငါ့ကို စိတ်ဆိုးလိမ့်မယ် ...... "

"Hae Yoon ကလည်း တစ်ခါပဲ တစ်ခါပဲ ကူညီပါဟာ ...... Soon Young လုံးဝ မရိပ်မိစေရဘူး ...... ငါ တာဝန်ယူတယ်"

Jimin က Hae Yoon လက်ကို ကိုင်ကာ တတွတ်တွတ်ပြောလာတော့ Hae Yoon မနေတတ်တော့တာ ကြောင့် သူမလက်လေးကို အသာလေးပြန်ရုန်းလိုက်မိသည်။ Jimin လည်း သတိထားမိကာ စားပွဲပေါ်က သူ့လက်ကို ပြန်ရုတ်ပြီး ဆက်တောင်းဆိုနေမိပြန်သည်။

"Hae Yoon ကလည်း ရုပ်ရှင်ရုံ အထိပဲ ခေါ်လာပေးယုံပါ"

"အဲ့ဒါဆိုလည်း နင်ကိုယ်တိုင်သွားပြောပါလား ...... ဘာလို့ ငါ့ကိုမှ...... "

တဖြည်းဖြည်း တုန်ယင်လာတဲ့ အသံကြောင့် သူမ စကားကို ခဏရပ်ထားလိုက်၏။

"Soon Young က နင်နဲ့ အရင်းနှီးဆုံးလေ ...... ငါ သွားခေါ်တော့ နင့် သူငယ်ချင်းက လိုက်မယ်ထင်လို့လား ...... ကူညီပါဟာ"

Hae Yoon ဘာမှ မပြောဘဲ Jimin ကို ကြည့်နေမိ၏။ သူမ ရင်ထဲမှာတော့ ပူလောင်လျက်...... အစက Soon ပြောတာကြောင့် မဟုတ်လောက်ပါဘူး လို့ပဲ ထင်ခဲ့တာ ...... Jimin ကောင်မလေး တစ်ယောက်နဲ့ တွဲတယ်ဆိုတာ အထူးအဆန်း မဟုတ်တော့ ...... ဒါပေမယ့် သူ့ကို အခြားမိန်းကလေး တစ်ယောက်နှင့် တွဲတွေ့ရတိုင်း သူမ ရင်ထဲနာကျင်နေမိသည်။ Jimin က သူမကို သေချာကြည့်ကာ

"အဲ ...... နင်ကူညီချင်စိတ် ပေါက်သွားပြီ မဟုတ်လား ...... ကူညီပေးမယ် ဟုတ်တယ်မဟုတ်လား"

Hae Yoon မြန်မြန်ပင် ခေါင်းညိမ့်ကာ သူ့ရှေ့မှ ပြေးထွက်ခဲ့မိ၏။ သူ့ရှေ့မှာ ဆက်နေရင် သူမ မျက်ရည်တွေကို ထိန်းနိုင်မှာ မဟုတ်......... အကွယ်ထောင့် နေရာလေး ရောက်တော့ သူမ ထိုင်ချကာ သူမရဲ့နာကျင်မှုကို မျက်ရည် အဖြစ်ပွင့်အန်နေမိသည်။

String [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ