String (Part 1) (unicode)

1.3K 52 0
                                        

String

Part 1

အချိန်အားဖြင့် ည ၁၂ နာရီ ၃၀ မိနစ်။ ချမ်းအေးတဲ့ ညတစ်ည ဖြစ်တာကြောင့် တံတားပေါ်တွင် အသွားအလာ မရှိသလောက် နည်းပါးနေတဲ့အချိန်။ တံတားရဲ့ လူသွားစင်္ကြန် လမ်းလေးတွင် အသိစိတ်ကင်းမဲ့နေတဲ့ ပုံစံနဲ့ တလှမ်းချင်းလျှောက် လာနေတဲ့မိန်းကလေးတစ်ယောက်။ သူမ လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်ကာ မြစ်ဘက်သို့ မျက်နှာမူလိုက်၏။ သူမ မြစ်ပြင်ကျယ် ကြည့်ကာ ခေတ္တခဏရပ်တန့် နေရင်းမှ ပါးပြင်ပေါ်လှိမ့်ကျလာတဲ့ မျက်ရည်တွေကို လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ထုတ်ပြီး အံတင်းတင်းကြိတ်လျက် တံတားဘေးဘောင်ကိုကျော်ကာ ခြေတစ်ပြားချစာမျှသာရှိတဲ့ နေရာလေးကို နင်းလိုက်လေသည်။ သူမ လက်တွေကတော့ တံတားဘေးဘောင်ကို ဆုပ်ကိုင်ထားဆဲ။

"ဘာလုပ်တာလဲ Soon Young ဒီလိုပုံစံမျိုးနဲ့ ဘဝကို အရှုံးပေးမလို့လား .... ဒါ မင်းလုပ်သင့်တဲ့ အလုပ်မဟုတ်ဘူး"

သူမ လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ သူ့ကြောင့် သူမ လှည့်ကြည့်လိုက်မိသည်။ သူမကို စူးရှလေးနက်ပြီး စိုးရိမ်ပူပန်မှုတွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံက ညင်သာစွာကြည့်နေလေသည်။

"ကျေးဇူးပြုပြီး မမိုက်မဲပါနဲ့ Soon Young ရယ်"

တိုးညင်းတဲ့ သူ့ရဲ့ စကားသံက သူမ နားကိုရိုက်ခတ်နေလေသည်။ သူ ဘယ်သူလဲ ??? ဘာလို့ သူမ နာမည်ကို သိနေရတာလဲ??? သူမ သူ့ကို မြင်ဖူးနေသည်။ သူမ ခေါင်းထဲ အပြေးအလွှာတိုးဝင်လာတဲ့ အတွေးတွေကို ရပ်တန့်ပစ်လိုက်ကာ သူ့စကားတွေကို လျစ်လျူရှုရင်း မျက်စိစုံမှိတ်ပြီး တံတားဘောင်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေကို လွှတ်ချလိုက်၏။ သူမ ရင်ထဲလှပ်ခနဲ ခံစားလိုက်ရပေမယ့် သူမ တွေးထင်ထားသလို အေးစက်စက် ရေပြင်ကို ထိမယ့်အစား သူမကျောဘက်ဆီမှ နွေးထွေးတဲ့ အထိအတွေ့နှင့် အတူ သူမ ခါးကိုရစ်ပတ်လာတဲ့ လက်တစ်စုံ ....

"အ"

သူမ မျက်လုံးဖွင့်ကြည့်မိတော့ သူမ ခန္ဓာကိုယ်က လူသွားစင်္ကြန်လမ်းပေါ် လဲနေလေသည်။ သူမ ခါးက အနှောင်အဖွဲ့ဆီမှ လွတ်သွားတာနဲ့ အလျင်အမြန်ပင် မတ်တပ်ထရပ်လိုက်မိသည်။ သူကလည်း သူမ နည်းတူ ရပ်လိုက်ပြီး သူမလက်ကို ဆွဲကာ

String [Completed]Where stories live. Discover now