String (Part 12)

200 21 0
                                        

String

Part 12​​

Taehyung က ခဏထွက်ခဲ့ခိုင်းတာကြောင့် နေ့ခင်း ထမင်းစားချိန် ခွင့်တောင်းကာ Chal Lin Company နားက ပန်းခြံဆီသို့ထွက်လာခဲ့၏။ သူမ ပန်းခြံထဲရောက်သွားတော့ Taehyung က ရှုခင်းကောင်းကောင်းရှိတဲ့ ခုံတန်းလေးကနေ လက်လှမ်းပြနေလေသည်။ သူမ သူ့အနားကိုရောက်သွားတော့ သူက သူ့လက်ထဲက ထမင်းဘူးကို ထိုးပေးကာ

"နင့် အတွက် ငါကိုယ်တိုင်ပြင်ထားတာ"

Chal Lin … Taehyung ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး

"Kim Taehyung နင် ဘာမဟုတ်တာတွေ လုပ်လာပြန်ပြီလဲ"

"ဘာလဲ အကောင်းနဲ့ ကျွေးတာကို မစားချင်လည်း ပြန်ပေး"

Taehyung က ပြောပြောဆိုဆို နှင့်ထမင်းဘူးကို ပြန်ယူသွားတော့ Chal Lin ပြန်လုပြီး

"နင်ကလည်း စိတ်ချည်းပဲ စားမှာပေါ့"

ထမင်းဘူးကို ဖွင့်ကြည့်လိုက်တော့ Chal Lin အံ့သြသွားရသည်။ Taehyung ထမင်းလိပ်ကို ဒီလောက်အထိ ကောင်းကောင်းလုပ်တတ်မှန်း သူမ မသိခဲ့။ သူမ ထမင်းလိပ် တစ်ခုကို ယူကာ ပါးစပ်ထဲထည့်လိုက်ရင်း

"Taehyung ဒါ နင်ဝယ်လာတာ မဟုတ်လား"

"နင်ကလည်း လူကို အထင်သေးလိုက်တာ ဒီလောက်တော့ ငါကောင်းကောင်းလုပ်တတ်ပါတယ်"

"မသိဘူးလေ … နင်က ဒါမျိုးတွေလုပ်တာ မြင်မှမမြင်ဖူးတာ ဒါနဲ့ နင် ပြောတော့ ငါ့ကို ပြောစရာရှိလို့ဆို"

"ဟုတ်တယ် ငါ အလုပ်ရသွားတဲ့ အကြောင်းပြောမလို့ "

"တကယ် ဝမ်းသာလိုက်တာ Taehyung ရယ် ဘယ်မှာရတာလဲ"

"Hotel မှာ ဧည့်ကြို"

"wow Kim Taehyung daebak ဒါကြောင့် ငါ့ကို ထမင်းဘူး လုပ်ပေးတာကိုး ငါ့သူငယ်ချင်းကြီး ဒီ့ထက်မက အောင်မြင်ပါစေ"

"တကယ်တော့ ထမင်းဘူးက အဲ့ဒီ့အတွက် မဟုတ်ဘူးဟ"

Taehyung စကားကြောင့် Chal lin ပါးစပ်ထဲထည့် တော့မည့် ထမင်းလိပ်တောင် ပါးစပ်နားတွင် တန့်သွားရသည်။

"အဲ့ဒါဆို ဘာအတွက်လဲ"

"စားပါ နင် ကုန်အောင်စားပြီးရင် ငါပြောပြမယ်"

String [Completed]Tempat cerita menjadi hidup. Temukan sekarang