String (Part 14)

186 22 0
                                        

String

Part 14

"Jin shi!!"

Jin သူ့ သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်ရဲ့ ညစာစားပွဲမှာ စကားပြောနေစဉ် သူ့နောက်က ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်တော့ Hyeri ဖြစ်နေလေသည်။

"ဟိုးကနေ လှမ်းကြည့်နေတာ Jin ဟုတ်မှ ဟုတ်ပါ့မလားလို့"

"ကျွန်တော်လည်း ဒီဘက်မှာ စကားပြောနေတာနဲ့ Hyeri ကို မမြင်လိုက်မိဘူး ... Hyeri တစ်ယောက်တည်းလား"

"အင်း ဟုတ်တယ် ...... Jin ရော တစ်ယောက်တည်းပဲလား ...... Soon Young ကို ဘာလို့ မခေါ်လာတာလဲ"

"Soon Young က ဂျူတီရှိနေတယ်လေ"

"ဟုတ်သားပဲ ... ကျွန်မ မေ့နေတာ ...... နောက်တစ်ခါကျရင် ခေါ်လာခဲ့ပေါ့"

သူမ နှုတ်မှ Soon Young ကို တဖွဖွ ပြောနေတာကြောင့် Jin အံ့အား သင့်သွားမိသည်။ သူမ ကြည့်ရတာ Soon Young နှင့် ဘာပြဿနာမှ မရှိသလိုပင် ...... ဒါပေမယ့် Soon Young ကျတော့ သူမရှေ့မှာ Hyeri နာမည်ကိုပင် အပြောမခံ ...... Soon Young နှင့် မိသားစု အကြောင်း စကားစပ်မိတိုင်း သူမ ဘက်က စကားလမ်းကြောင်းလွှဲသွား တာတွေချည်းသာ ...... သူနှင့် Hyeri စကားပြောနေစဉ်မှာပင် သူတို့သားနှင့် သတို့သမီးက သူတို့နားရောက်လာလေသည်။

"Jin ... မင်းက Hyeri နဲ့ သိနေတာလား"

"အင်း ဟုတ်တယ် ...... လုပ်ငန်းအရသိနေတာ ... သိပ်တော့မကြာသေးပါဘူး"

"သိနေကြတော့လည်း သိပ်ပြောစရာ မလိုတော့ဘူးပေါ့ ... ငါက မင်း စွံသွားအောင် သူ့ သူငယ်ချင်းထဲက တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ပြောနေသေးတာ ... မထင်ရဘူး မင်းနဲ့Hyeri က တော်တော်လိုက်ဖက်ညီတာပဲ"

သူ့ သူငယ်ချင်း စကားကြောင့် Jin ... Hyeri ကို အားနာသွားကာ

"ဟာာ မင်းကလည်း ... ဘာတွေ လျှောက်ပြောမှန်း မသိဘူး ...... Hyeri shi ...... တောင်းပန်ပါတယ်နော်"

"တောင်းပန်စရာ မလိုပါဘူး Jin ရဲ့ မိတ်ဆွေအရင်းတွေပဲကို ...... Jin စိတ်ကူးမလွဲနဲ့နော် ကိုယ့်လူရင်း တွေမို့လို့ပြောတာ"

သတို့သမီး ကပါ ပေါ်တင် ဝင်ပြောနေတာကြောင် Jinမျက်နှာထားမတတ်အောင်ပင် ရှိနေလေသည်။ Hyeri ကတော့ ရယ်လျက် ......

String [Completed]Where stories live. Discover now