String (Part 33)

774 77 2
                                        

String

Part 33

Soon Young စိတ်သစ်လူသစ်နှင့် Company ဆီသို့ ထွက်လာခဲ့သည်။ အခုချိန်မှာ သူမ စိတ်တွေ ပေါ့ပါးလို့နေလေသည်။ ပြီးခဲ့တဲ့ ရုံးပိတ်ရက် နှစ်ရက် ကတည်းက သူမ ကိုယ်သူမ အကြိမ်ကြိမ် ပြန်မေးကြည့်မိ၏။ သူမ မိသားစုကို ဖျက်ဆီးခဲ့တဲ့ သူတို့တွေ ...... Shin Soon Young ဆိုတဲ့ ဘဝတစ်ခုလုံးကို သတ်ပစ်ခဲ့တဲ့ သူတို့တွေကို ခွင့်လွှတ်နိုင်ရဲ့လားလို့လေ ...... သေချာတယ် သူမ ခွင့်မလွှတ်နိုင်ဘူး ...... ဒါပေမယ့် သူမ ဘေးနားမှာ ရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကိုတော့ တန်ဖိုးမရှိတဲ့ သူတို့နဲ့ အလဲအလှယ် မလုပ်နိုင်ဘူး ...... ဒါကြောင့်လည်း သူမ အားလုံးရပ်တန့်လိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့မိသည်။ သူမ ယုံကြည်တာ တစ်ခုတော့ရှိသည်။ ငယ်ငယ်က အမေပြောနေကျ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ကြားခဲ့ဖူးသည့်အတိုင်း ...... မကောင်းတာလုပ်တဲ့ သူက ကျိန်းသေ မကောင်းကျိုးကို ပြန်ခံစားရမှာတဲ့ ...... သူတို့ကို မြင်နေရရင် သူမ အဆင်ပြေနိုင်မှာ မဟုတ်ပေမယ့်လည်း သူမ ဒီမှာရှိနေရင် အဖိုးတည်ထောင်ခဲ့တဲ့ ဒီ Group ကြီး မပျက်စီးအောင်တော့ တစ်ထောင့်တစ်နေရာကနေ အကျိုးဖြစ်စေလိမ့်မယ်လို့ သူမ ထင်သည်။

"Soon ရယ် မသွားပါနဲ့ ဆိုကွာ ပြောလို့မရဘူး"

Company ရှေ့ရောက်သည် အထိ Jin က ပွစိပွစိ ပြောမဆုံး ......

"Jin ကလည်း ပြောပြီးပြီပဲ ...... ဒီမှာရှိနေရင် ဒီ Group ကြီး မပျက်စီးသွားဖို့ အတွက် အကူအညီတော့ ဖြစ်မှာပါ ...... Soon တော့လေ အဖိုး သွေးနဲ့ချွေးနဲ့ ရင်းထားခဲ့ရတဲ့ ဒီနေရာကြီးကို မပျက်စီးစေချင်ဘူး ...... အဲ့ဒါကြောင့်ပါ Jin ရယ် ......"

သူ့ကို ခွင့်ပြုချင်အောင် လေပြေလေးနှင့် ပြောနေသည့် Soon Young လက်လေးကို ဖွဖွလေးဆုပ်ကိုင်ထားမိသည်။ သူ တကယ်ကို သူမကို စိတ်မချပါ ...... ဟိုတခါကလို အဖြစ်မျိုး မဖြစ်လာဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ ...... ဟိုတခါကတောင် ကံကောင်းထောက်မစွာနှင့် သူအတွေ့မြန်လို့သာ

"ကိုယ်ကတော့ Soon ကို သူတို့နားမှာ စိတ်ကို မချနိုင်တာ ...... Soon ဒီမှာရှိနေတဲ့ တောက်လျှောက်ကို စိတ်ပူနေရတော့မှာပဲကွာ"

String [Completed]Where stories live. Discover now