String (Part 21)

191 21 0
                                        

String

Part 21

Gan Jaung Woo တစ်ယောက် Mr.Choi အိမ်က အထွက်မှာ ဆုံခဲ့တဲ့ ကောင်လေးကို မြင်ယောင်နေမိသည်။

"တောင်းပန်ပါတယ် ကောင်လေးရာ …… ဦးလေး မင်းကို ဘယ်လိုမှ မျက်နှာချင်း မဆိုင်ရဲလို့ပါကွာ"

Mr.Gan ရဲ့ အတွေးတွေက ဟိုးတစ်ချိန်က အတိတ်နေ့တွေ ဆီသို့ ……

"ဗျာ …… ဆရာ ကျွန်တော် ဒီလိုလုပ်ဖို့ ဆိုတာက ……"

"မင်း အမေ ဆေးကုစရိတ်လိုနေတယ် မဟုတ်လား …… အဲ့ဒီ့အတွက် ငါ အကုန်တာဝန်ယူတယ် …… ပြီးတော့ ဒီကိစ္စတွေ အကုန်လုံး မင်းကို မထိခိုက်စေရဘူး …… မင်းက ငါခိုင်းတာကို လုပ်ပေးရုံပဲ"

အမေ့ အတွက် ဆေးကုသ စရိတ်လိုနေတာကြောင့်ရယ် သူ့ဆရာ Mr.Shin ကို အကြွင်းမဲ့ ယုံကြည်တာကြောင့် ရယ်ကြောင့် သူ့ဆရာခိုင်းတဲ့ အတိုင်း အိမ်တော်ထိန်း Kim တို့ လင်မယားကို ကားနှင့်တိုက်ခဲ့မိသည်။ ဒါပေမယ့် အရာအားလုံးက သူ ထင်သလို မပြီးသွားခဲ့ …… သူ့ဆရာရဲ့ ကတိအတိုင်း အိမ်တော်ထိန်း Kim လင်မယားရဲ့ ယာဉ်တိုက်မှုအတွက် သူ့မှာ အပြစ်မရှိခဲ့တာက လွဲရင် Company မှာ သူအလွဲသုံးစား လုပ်ထားတဲ့ အပြစ်တွေမှန်သမျှ သူ့အပေါ်ပုံချခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သူ အဖမ်းမခံရခင် အချိန်လေး အတွင်းမှာ သူ့အပြစ်တွေကို အားလုံးမဆေးကျောနိုင်ရင် တောင်မှ အနည်းငယ် စိတ်သက်သာရာ ရဖို့ အတွက် အိမ်တော်ထိန်း Kim ရဲ့ တစ်ဦးတည်းသော သားလေးကို စောင့်ရှောက်ပေးမယ်လို့ စိတ်ဆုံးဖြတ်ကာ Seokjin ကို သူ စောင့်ရှောက်ပေးခဲ့သည်။ အဖြစ်မှန်ကို မသိတဲ့ Seokjin အတွက်တော့ သူက အားကိုး အားထားရာ ဖြစ်နေလေသည်။ ဖြူစင်တဲ့ Seokjin ကို မြင်ရတိုင်း သူ စိတ်ပိုပြီး ပင်ပန်းခဲ့သလို သူ့လုပ်ရပ် အတွက် နောင်တလည်း ရခဲ့မိသည်။ ဒါကြောင့်လည်း နောက်ပိုင်း သူ Seokjin ကို လုံးဝ မတွေ့တော့ဘဲ ရှောင်လာခဲ့မိလေသည်။

Mr.Gan သက်ပြင်းချရင်း  "ဦးလေး ကို ခွင့်မလွှတ်ပါနဲ့ကွာ" လို့ တီးတိုး ရေရွတ်လိုက်မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Chal Lin ညနေ ရုံးဆင်းတော့ ရုံးရှေ့မှာ Taehyung တစ်ယောက် သူမကို စောင့်နေတာကို တွေ့လိုက်ရ၏။ Chal Lin သူ့အနားသွားကာ သူ့လက်ကို ချိတ်လိုက်ရင်း

String [Completed]Where stories live. Discover now