String (Part 11)

193 21 0
                                        

String

Part 11

"အားးးးးး နောက််ကျပြီ နောက်ကျပြီ …… ဟူးး …… နှိုးစက်ပေးထားတဲ့ ဟာကို"

မနက်ခင်းစောစော တအိမ်လုံး ဆူညံသွားအောင် အော်လိုက်တဲ့ Chal Lin ရဲ့ အသံကြောင့် Taehyung အိပ်ရာကနေ ကုန်းရုန်းထလိုက်သည်။ မဟုတ်ရင် သူမ တစ်အိမ်လုံးပြေးလွှားနေပုံနဲ့ အိမ်ရှေ့ခန်းမှာ အိပ်တဲ့ သူ့ကိုပါတက်နင်းမိနိုင်လေသည်။

"Chal Lin ငါ ဘာကူပေးရဦးမလဲ"

"ဘာမှမကူပေးပါနဲ့ ရတယ် …… ပြီးပြီ …… ငါသွားတော့မယ် …… နင့်ဟာနင် ကြည့်ချက်စားလိုက်တော့နော်"

အိမ်ဝကနေ ဖိနပ်စီးရင်း ပြောနေတဲ့ သူမ အနားသို့ Taehyung ရောက်သွားကာ

"Chal Lin ခဏ" လို့ ပြောပြီး သူဝယ်ထားတဲ့ ဖိနပ်လေးကို ထုတ်ကာ သူမရှေ့ ချပေးလိုက်၏။

"ဒါက ???"

"နင့် အတွက်လေ …… ဟိုနေ့ ကတည်းက ငါ ဝယ်ထားတာ နင်က အဲ့နေ့က ဒေါသတွေ ထွက်နေတာနဲ့ မပေးဖြစ်တာ …… အကောင်းစားတော့ မဟုတ်ပါဘူး …… နင့် ရုံးဝတ်စုံနဲ့ အခု စီးနေတဲ့ ဖိနပ်နဲ့က ကြည့်ရတာ အဆင်မပြေဘူးလေ"

ဖြေရှင်းချက်တွေ အများကြီး ပေးနေတဲ့ Taehyung ကို သူမ ကြည့်ကာ သူမစီးထားတဲ့ ဖိနပ်ကို ချွတ်ပြီး သူပေးတဲ့ ဖိနပ်ကို စီးလိုက်၏။

"နင်ကလည်း ငါ့အတွက် အကောင်းစား မလိုပါဘူး …… ဒါလေးက အဆင်ပြေတယ်……ကျေးဇူးပဲ ……  ငါ သွားတော့မယ် …… အိမ်မှာ လိမ်လိမ်မာမာ နေခဲ့နော် wori Tae Tae လေး"

သူ့ပါးနှစ်ဖက်ကို ဆွဲဖျစ်ပြီး လှေခါးကနေ အပြေးလေး ဆင်းသွားတဲ့ သူမ နောက်ကျောကို မျက်စိတဆုံး လိုက်ကြည့်ရင်း Taehyung နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Chal Lin လမ်းထိပ်ရောက်တော့ သူမ ရှေ့ကို ကားတစ်စီး ထိုးရပ်လာလေသည်။ ကားထဲက လူကို သူမ ကြည့်လိုက်တော့ Jimin ……

Jimin က ကားမှန်ကိုချလိုက်ရင်း

"Chal Lin လိုက်ပို့ပေးမယ် တက်လေ"

Chal Lin သူ့ကို မျက်မှောင် ကုတ်ကာ ကြည့်ပြီး ဆက်လျှောက်လိုက်၏။ Jimin က သူမ နောက်ကို လိုက်လာကာ

String [Completed]Where stories live. Discover now