String
Part 34
"ဆရာ ကျွန်တော်တို့ အကြောင်းတွေကို စုံစမ်းနေတဲ့ လူတွေရှိတယ်လို့ သတင်းရတယ် …… ဟိုနေ့ကလည်း ရဲတွေ လာစစ်သွားတယ် ကံကောင်းလို့ မမိလို့"
သူ့တပည့် လာပြောသော စကားကြောင့် Mr.Shin ခံပြင်းစွာ "တောက်" တစ်ချက်ခေါက်လိုက်မိသည်။
"စုံစမ်းနေတဲ့ သူက ဘယ်သူလဲ Choi Juho ရဲ့ လူတွေမှ ဟုတ်ရဲ့လား"
"ဟုတ်တယ် ဆရာ Choi Juho ရဲ့ လူတွေ …… ပြီးတော့ Gang Jaung Woo ဆိုတဲ့ တစ်ယောက်လည်း ပါတယ် ဆရာ သူက ကျွန်တော်တို့ အကြောင်းတွေ တော်တော် သိထားပုံပဲ"
Mr.Shin စိတ်ရှုပ်စွာဖြင့် မျက်နှာကို ပွတ်သပ်ရင်း ဒေါသထွက်နေမိ၏။ သူ လွှတ်ထားပေးလို့ အခုလိုတွေ ဖြစ်နေရတာ … အခုလို အခြေအနေက သူ ဒီ့ထက်ပိုပြီး သူတို့ကို လွှတ်ထားပေးလို့ မရတော့ဘူး ဆိုတာကို သေချာသွားစေသည်။ Mr.Shin အခေါက်အခေါက် အပြန်ပြန် စဉ်းစား အဖြေရှာရင်းမှ တစ်စုံတစ်ခုကို ဖြတ်ခနဲ သတိရလိုက်တာကြောင့် ပြုံးလိုက်မိသည်။
"ငါ မင်းကို တစ်ခုခိုင်းစရာရှိတယ် …… သေချာနားထောင် …… ငါပြောတဲ့ အတိုင်း သေချာလိုက်လုပ်ပေး ဟုတ်ပြီလား"
"ဟုတ်ကဲ့ ဆရာ"
Mr.Shin သူ့ တပည့်အား သူ့ရဲ့ အစီအစဉ် အသေးစိတ်ကို ချပြပြီး သေချာမှာကြားကာ အကောင်အထည်ဖော်ခိုင်း လိုက်တော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxx
မင်္ဂလာခန်းမကျယ်ကြီးရဲ့ waiting room မှာ နှင်းဆီဖြူ လက်ကိုင်ပန်းစည်းလေး ကိုင်ပြီး သိပ်မကြာခင် စတော့မယ့် မင်္ဂလာပွဲအတွက် Hae Yoon စိတ်လှုပ်ရှား ရင်ခုန်စွာဖြင့် စောင့်နေလေသည်။ Jimin တို့မိသားစုရယ် သူမ အမေရယ် ကတော့ အပြင်မှာ မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေကို ဧည့်ခံနေလေရဲ့ …… ဒီအချိန်မှာ သူမ သတိရမိဆုံးကတော့ အဖေ …… သူမလည်း သူများတွေလိုမျိုး အဖေ့လက်ကိုချိတ်ကာ မင်္ဂလာခန်းမထဲဝင်ချင်မိသည်။ ဒါပေမယ့် ဒီအတွေးလေးက သူမ အတွက်တော့ အိမ်မက်လေး တစ်ခုမျှသာ … ငယ်ငယ်ကတည်းက အဖေမရှိတော့တဲ့ ဘဝမှာ နေသားကျနေပြီဆိုပေမယ့် အဖေ အသက်ရှင်လျှက်ရှိစဉ်က အမှတ်တရ အချိန်လေးတွေကတော့ ဘယ်တော့မှ ပျောက်မသွား ဆေးမမှိန်သွားတဲ့ ပန်းချီကား တစ်ချပ်လိုပင် သူမ မှတ်ဉာဏ်ရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ထင်ရှားစွာနေရာယူခဲ့သည်။ ဒီနေရာမှာ "သေသောသူကြာရင်မေ့" ဆိုတဲ့ အဆိုကို သူမ ရဲရဲကြီး ငြင်းမိသည်။ အဖေ ဆုံးတာ အချိန်ကာလအားဖြင့် ဆယ့်ငါးနှစ်လောက်ရှိပြီ ဆိုပေမယ့် အဖေ့ကို အခုချိန်ထိ မမေ့နိုင်ခဲ့ …… အကြောင်းတိုက်ဆိုင်လာတဲ့ အချိန်တိုင်း အဖေ့ကို သတိရမိသည်။
KAMU SEDANG MEMBACA
String [Completed]
Fiksi PenggemarDo you believe???? There is a string between us.
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)