String (Part 30)

165 19 0
                                        

String

Part 30

"Jimin ...... ဘယ်ဝတ်စုံလေးနဲ့ အဆင်ပြေမလဲ ကြည့်ပေးဦးလေ"

မင်္ဂလာဝတ်စုံ နှစ်စုံကိုင်ကာ သူ့ကို ရွေးခိုင်းနေတဲ့ သူမကို ကြည့်ပြီး Jimin ပြုံးလိုက်မိသည်။ သိပ်မကြာခင် ဒီကောင်မလေးကို ငါ ပိုင်ဆိုင်ရတော့မှာပါလား ဆိုတဲ့ အသိကြောင့် သူ့ရင်ထဲ နွေးထွေးသွားရသည်။

"Jimin ...... ရွေးပေးလေ"

"ရွေးပါ ...... နင် ဝတ်မှာပဲ နင်နဲ့ အဆင်ပြေမယ် ထင်တဲ့ဟာကို ယူလေ"

"အင်းး ...... ငါက ဒါလေး ကြိုက်တယ်"

သူမက သူမညာဘက်လက်ထဲမှာ ရှိနေတဲ့ ဝတ်စုံကို မြှောက်ပြလေသည်။ အဖြူရောင် ဂါဝန်အရှည် ကိုမှ လည်ပင်းလည်းသိပ်မဟိုက်လှပေ ...... အခြားဝတ်စုံတွေလို ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် ရိုးရိုးယဉ်ယဉ်ပုံစံလေးနဲ့ တမျိုးလှနေတဲ့ သူမ ပြတဲ့ ဝတ်စုံလေးကို သူလည်း သဘောကျမိသည်။

"ယူလေ ...... ဝတ်ကြည့်ကြည့်"

သူမက သူ့ကို ခဏစောင့်ဆိုပြီး ပြောကာ ဆိုင်က ဝန်ထမ်းမလေးနှင့် အတူ အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။ Jimin အပြင်မှာ သူမကို ထိုင်စောင့်နေရင်း ပျင်းပျင်းရှိတာကြောင့် ခုံပေါ်မှာရှိတဲ့ မဂ္ဂဇင်းစာအုပ် တစ်အုပ်ကို ယူဖတ်နေမိ၏။ ခဏကြာတော့ Hae Yoon ဝတ်စုံလဲပြီး ပြန်ထွက်လာလေသည်။

"ဘယ်လိုနေလဲ Jimin"

Jimin ဘာမှမပြောနိုင်ဘဲ သူမကို ငေးကြည့်နေမိသည်။ Drama ကားတွေထဲမှာ မင်းသမီးက မင်္ဂလာဝတ်စုံ ဝတ်ပြီးထွက်လာရင် မင်းသားက အံ့အားသင့်သွားတာတို့ အရမ်းလှလို့ငေးကြည့်နေရတာတို့ ကိုမြင်လျှင် နည်းနည်း over ဖြစ်လွန်းတယ်လို့ သူထင်မိသည်။ ဒါပေမယ့် အဲ့လိုခံစားချက်ကို သူ အခုမှ လက်တွေ့ခံစားလိုက်ရသလိုပင် ......

"Jimin!!!"

သူ့ အနားကိုလာကာ သူ့မျက်နှာရှေ့ လက်လေးဝှေ့ယမ်းလိုက်တဲ့ သူမ လက်ကို ဖမ်းဆွဲပြီး သူ ထိုင်နေရာမှ ထရပ်လိုက်၏။ သူမကတော့ မျက်လုံးလေး ဝိုင်းလျှက်

"ဘာဖြစ်လို့လဲဟင် ...... Jimin"

"အရမ်းလှတယ် ...... ဒီပုံ အတိုင်းဆို မင်္ဂလာဆောင်ရမှာတောင် စိတ်မချတော့ဘူး ...... မင်္ဂလာပွဲမှာ အခြားယောက်ျားလေးတွေ နင့်ကိုလှလို့ ဝိုင်းကြည့်ကြရင် ဘယ်လိုလုပ်မလဲ"

String [Completed]Where stories live. Discover now