"ဟင် …… Hae Yoon …… ငိုနေတာလား"
Soon Young မေးလိုက်တာကြောင့် သူမရဲ့ ကျလုဆဲဆဲ မျက်ရည်တွေကို အလျင် အမြန်ပင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။
"wae …… ဘာလို့ငိုနေရတာလဲ …"
"ဘာမှမဟုတ်ပါဘူးဟာ …… ရုတ်တရက် အဖေ့ကို သတိရသွားမိလို့ပါ"
ဝမ်းနည်းအားငယ်နေတဲ့ သူမ သူငယ်ချင်းကို Soon Young ဖက်ကာ နှစ်သိမ့်ပေးနေမိ၏။ Hae Yoon ခံစားနေရတာတွေကို သူမ နားလည်သည်။ အခုလို အချိန်မျိုးမှာဆို မိဘနှစ်ပါးလုံးရှိစေချင်တဲ့စိတ် ပိုပြီး ဖြစ်မိမှာသေချာသည်။
"Hae Yoon !!! Omo အရမ်းလှတာပဲ"
အခန်းဝမှ Chal Lin အသံကြောင့် သူမတို့နှစ်ယောက် လူချင်းခွါကာ အခန်းဝဘက်သို့ လှည့်ကြည့်မိကြသည်။ Chal Lin က သူမတို့ရွေးပေးထားတဲ့ အဝါနုရောင် ကိုယ်ကြပ် ဂါဝန် အတိုလေးနှင့် ဆံပင်ကို တစ်ဖက်သိမ်းကာ ချထားတာကြောင့် အရင်နှင့်မတူဘဲ မိန်းမဆန်ကာ လှနေလေသည်။ Hae Yoon မျက်ရည်စလေးတွေကို အသာလေးတို့ကာ သုတ်လိုက်ရင်း ပြုံးလျှက်
"တော်သေးတယ် ရောက်လာသေးလို့ ပွဲကဖြင့်စတာ့မယ် ……"
"တောင်းပန်ပါတယ်ဟာ …… ငါအလှပြင်နေတာနဲ့တင် နောက်ကျသွားတာ"
"ရပါတယ် …… ငါကနောက်တာပါ …… Taehyung ရော မပါဘူးလား"
"ဟိုမှာ ရှေ့မှာ Jimin နှင့် စကားပြောပြီးကျန်ခဲ့တယ်လေ"
Hae Yoon အပြင်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းလေး တစ်ချက်တွန့်လျှက်
"သူတို့က ငါတို့နှစ်ယောက်ကိုသာ ပြောနေတာ သူတို့လည်း ဘာထူးလို့လဲ …… နှစ်ယောက်တွေ့ရင် ပြောစရာကို မကုန်နိုင်တော့ဘူး"
"ဟုတ်ပ …… ငါလည်း အဲ့ဒါပြောတာ"
Soon Young အတိုင်အဖောက်ညီနေတဲ့ သူမ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူမနဲ့ Hae Yoon က အရင်ခင်တာ ဆိုပေမယ့်လည်း Hae Yoon နဲ့ Chal Lin က ပိုပြီး အတိုင်အဖောက်ညီလေသည်။ သူမ အရင်က အေးစက်စက် နေတတ်တာကြောင့်လည်း ပါမည်ထင်သည်။ တကယ်တမ်းစဉ်းစားကြည့်တော့ သူမက အားလုံးနဲ့ အနေစိမ်းပြီး သီးသန်းခွဲထွက်ခဲ့သလိုပင် ……
String (Part 34)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)