String (Part 33)

Depuis le début
                                        

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒုဥက္ကဌ ရာထူး အတွက် အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးမို့ Hyeri တစ်ယောက် အစည်းအဝေးခန်းရှေ့မှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်နေမိသည်။ ရှယ်ယာရှင် တော်တော်များများက သူမ အဖေဘက်မှာ ရှိနေပေမယ့် ဒုတိယရှယ်ယာအများဆုံး ပိုင်တဲ့သူက ဘယ်သူမှန်း မသိတာရယ် Soon Young ရန်လည်း ရှိသေးတာရယ်ကြောင့် သူမ စိတ်မအေးနိုင် ......... တစ်နာရီလောက် ကြာတော့ အစည်းအဝေးခန်း တံခါးပွင့်လာကာ သူမ ပထမဆုံး မြင်လိုက်ရတဲ့သူက Soon Young ...... Soon Young က သူမ ဆီလျှောက်လာပြီး သူမကို တချက်ပြုံးပြီးကြည့်ကာ သူမ ပုခုံးကို ပုတ်ပြီး ထွက်သွားလေသည်။ ထို့နောက်မှာတော့ အနောက်က ထပ်ပြီး ထွက်လာတဲ့ သူတွေရဲ့ "Congratulation" လုပ်သံ တွေကြောင့် သူမ "result" ကို ရှင်းရှင်းလင်းလင်း သိခဲ့ရ၏။ ဒါပေမယ့် သူမ တွေးမရဖြစ်ခဲ့တာ ခုနက Soon Young ပြုံးလိုက်တဲ့ အပြုံး ...... ခနဲ့ပြီး လှောင်ပြောင်တဲ့ အပြုံးမျိုး မဟုတ်ဘဲ ...... ဆရာမက တပည့်တော်တာကို ကျေနပ်အားရလို့ ပြုံးလိုက်တဲ့ အပြုံးမျိုး ...... အခုရတဲ့ result အပေါ်မှာ Soon Young ဆီမှ ဒီလို တုံ့ပြန်မှုမျိုးကို မမျှော်လင့် ထားခဲ့တဲ့ အတွက် အထူးအဆန်း ဖြစ်နေလေသည်။ သူမ သေချာသိရဖို့ အစည်းအဝေးခန်းမှ လူအားလုံး ကုန်သွားသည့် တိုင်အောင် ထွက်မလာသေးတဲ့ သူမ အဖေဆီသို့ သွားလိုက်မိသည်။ သူမ မျှော်လင့်ထားတာနှင့် ကွဲလွဲစွာပင် အဖေ့ မျက်နှာက မှောင်မဲကာ အလိုမကျမှုတွေ အတိုင်းသား မြင်တွေ့နေရလေသည်။

"အဖေ ...... ဘာဖြစ်လို့လဲ ......"

သူမ သိချင်စိတ်ကြောင့် အဖေ့ရှေ့ ရောက်ရောက်ချင်းမှာပင် အလောတကြီး မေးလိုက်မိသည်။

"အင်း ...... ထိုင် ...... သမီး"

သူမ အဖေ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်ရင်း အဖေ့ စိတ်ရှုပ်ထွေးပုံရတဲ့ အဖေ့မျက်နှာကိုကြည့်ကာ

"ဘာဖြစ်နေတာလဲ အဖေ ...... အခုချိန်က ဝမ်းသာရမယ့် အချိန်မဟုတ်ဘူးလား"

"ဝမ်းသာရမယ့် အချိန်တော့ ဟုတ်ပါတယ် ... ဒါပေမယ့် Soon Young ဒီကောင်မလေး ထူးဆန်းတယ် ...... သမီးအခု ဘယ်လို နိုင်သွားလဲ သိလား"

"သမီးကို ထောက်ခံတဲ့ သူများလို့ နိုင်သွားတာ မဟုတ်ဘူးလား အဖေ"

"အဲ့ဒါတော့ ဟုတ်တယ် ...... ဒါပေမယ့် အဲ့ဒီ့ထဲမှာ Soon Young ပါနေတယ် ...... အစက မဲက သရေဖြစ်နေတာ နောက်ဆုံး တစ်ယောက်ပဲ ပေးဖို့ကျန်တော့တာ အဲ့ဒါကလည်း Soon Young လေ ...... အဲ့ဒီ့အချိန်မှာ အဖေ ထင်ထားခဲ့တာက ဘယ်လိုမှ မနိုင်လောက်တော့ဘူးပေါ့ ...... ဒါပေမယ့် သူက ထောက်ခံပေးခဲ့တယ်"

"ရှင်"

အဖေ့စကားကြောင့် သူမ အောင့်သက်သက်ဖြစ်သွားမိသည်။ Soon Young ကိုလည်း ဘယ်လိုနားလည်ပေးရမှန်းတောင် မသိတော့ ......သူမတို့သားအဖကို ခါးခါးသီးသီး ဖြစ်နေတဲ့ သူ တစ်ယောက်က ဒီလိုလုပ်စရာ အကြောင်းမရှိ ...... သူမ ဘာ အကြံအစည်ရှိနေပြန်ပြီလဲ

"အဖေ့အထင် သူ့မှာ အကြံအစည် တစ်ခုခုရှိနေပုံပဲ"

"သမီးလည်း အဲ့လိုပဲ ထင်တယ် အဖေ ...... "

"သူ့ကို ဒီအတိုင်းလွှတ်ထားလို့တော့ မဖြစ်ဘူး ...... အမြန်ဆုံး ရှင်းပစ်နိုင်မှ ဖြစ်မယ် ...... ကဲ အဲ့ဒါတွေထားပါတော့လေ ...... သမီးလည်း ပျော်စရာကိစ္စကို အလကား သပ်သပ် စိတ်ညစ်နေရပြီ ...... ဘာမှ မစဉ်းစားနေနဲ့ သမီး ... အဖေ အားလုံး ကြည့်စီစဉ်လိုက်မယ် ...... ဟုတ်ပြီလား"

အဖေက သူမ ပုခုံးကို ပုတ်ကာ အစည်းအဝေးခန်းထဲမှ ထွက်သွားလေသည်။ Hyeri ကတော့ အတွေးပေါင်းစုံနှင့် ကျန်ရစ်ခဲ့၏။ Ji Na ကို Soon Young လို့ သိလိုက်ရ ကတည်းက သူမ စိတ်တွေရှုပ်ထွေးနေခဲ့တာ ယနေ့အထိပင် ......ဖြစ်နိုင်ရင် Soon Young နှင့် ပတ်သက်တဲ့ ရေစက်ကို ဖြတ်တောက်လိုက်ချင်ပြီ ...... အဲ့ဒီ့အတွက်လည်း မနေ့က Soon Young ကို ထွက်သွားဖို့ တောင်းဆိုခဲ့တာ ...... ဒါပေမယ့် ပြဿနာက ပြေငြိမ်းမသွားဘဲ ပိုဆိုးလာလေသည်။

"huh ...... Soon Young yarrr ...... ရပ်လိုက်ပါတော့ ...... ငါတကယ် ပင်ပန်းနေပြီ"

သူမ နှုတ်မှ တီးတိုးလေး ငြီးတွားရင်း သက်ပြင်းချလိုက်မိသည်။

xxxxxxxxxxxxxx

to be continued

အရမ်းနောက်ကျမှ update ရတဲ့ အတွက်ရော

ဒီအပိုင်းတိုသွားတဲ့ အတွက်ပါ တောင်းပန်ပါတယ်ရှင့်

Thank and respect to all reader

String [Completed]Où les histoires vivent. Découvrez maintenant