"ဟာ ...... hyung တိုက်တိုက်ဆိုင်ဆိုင်"
Jimin က သူတို့ထိုင်နေတဲ့ စားပွဲမှာ ဝင်ထိုင်လိုက်တော့ ကျန်သုံးယောက်ပါ ဝင်ထိုင်လာလေသည်။
"ညီ တို့က ...... နှစ်တွဲအပြိုင် date လုပ်နေရတာလား"
Jimin က Hae Yoon ကို မျက်စောင််းထိုးကာ
"ဒီက မမပေါ့ ...... Chal Lin နဲ့ အတွဲကျနေတယ်လေ ...... ကြာရင် ညီနဲ့ Tehyung က ချစ်သူဖြစ်တော့မယ်"
စူပုတ်ပုတ်နှင့် ပြောလာတဲ့ Jimin စကားကို အားလုံးသဘောကျစွာ ရယ်ကြလေသည်။
"Hae Yoon ကလည်း Chal Lin နဲ့ လျှောက်လည်တာ ငါ့ကိုလည်း မခေါ်ဘူး ...... နောက်တစ်ခါ ကျရင် ငါပါလိုက်မယ်နော်"
"စိတ်ချ Ji Na ...... အဲ Soon Young ...... mianae ...... Ji Na လို့ ခေါ်နေကျဆိုတော့ အကျင့်ပါနေပြီ"
"ရပါတယ် Chal Lin ရဲ့ ဘယ်လိုခေါ်ခေါ် အတူတူပဲဟာ ...... နင်တို့လည်း မှာကြလေ ဘာမှာမလဲ"
သို့နှင့် ခြောက်ယောက်သား အတူမှာစားကြရင်း ရှေးဟောင်းနှောင်း ဖြစ်တွေပြောကာ အဖွဲ့ကျနေကြလေသည်။ အစပိုင်းမှာတော့ ရွယ်တူတွေထဲမှာ Chal Lin ရဲ့ သူဌေးလည်းဖြစ် အသက်အကြီးဆုံးလည်း ဖြစ်တဲ့ Jin က ငြိမ်နေပေမယ့် ...... ကြာလာတော့ စကားဝိုင်းကို ဦးဆောင်တဲ့ သူက Jin ဖြစ်လာလေသည်။ Soon Young တစ်ယောက် စကားဝိုင်းကို အာရုံမရောက်တော့ဘဲ စကားပြောကောင်းလှတဲ့ သူမရဲ့ ချစ်သူကို သဘောကျစွာ ငေးကြည့်နေမိ၏။ စကားပြောလိုက်တိုင်း သူ့နှုတ်ခမ်းလေး စုပြီးချွန်သွားပုံလေးက တမျိုးလေး ကြည့်ကောင်းနေလေသည်။ ဒီအရွယ်လုပ်ငန်းရှင် ယောက်ျားတစ်ယောက်မှာ ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာတွေရှိနေမှန်း သူမ အရင်က သထိမထားမိခဲ့လေသလား ...... အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့လေသလားတော့ မသိ ...... ဒါတွေကို သူမ မမြင်ခဲ့တာ အမှန်ပါ။ သူမကို အရိပ်တကြည့်ကြည့် နေခဲ့တဲ့ သူရဲ့ အသေးစိပ်ကို သူမ သေချာ မသိရလောက်အောင်ပင် သူမ အတ္တကြီးပြီး တကိုယ်ကောင်းဆန်ခဲ့မိသည်။ သူမလို ဝမ်းနည်းစရာ နာကျင်စရာ ဒုက္ခတွေချည်းသက်သက်သာ ရှိတဲ့ သူ တစ်ယောက်ကို အဆုံးအထိ လက်မလွှတ်ဘဲ သူ ရွေးချယ်ခဲ့တယ် ဆိုကတည်းက သူမ ကံကောင်းလွန်းနေပါပြီ ...... ဒါကိုပင် သူမက သူ့ကို ဂရုစိုက်မှု သေးသေးလေးတောင် မပေးနိုင်ခဲ့ဘဲ သူမရဲ့ အတ္တတွေ မာန်မာနတွေ အညှိုးတွေကြားထဲ ကိုယ်ကိုယ်တိုင် ပိတ်လှောင်ပြီး နေခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အခု ဒါတွေအားလုံး အဆုံးသတ်ခဲ့ပြီ ရှေ့လျှောက် သူမ အတွက် ဦးစားပေး နံပါတ်တစ်က သူ ဖြစ်နေတော့မှာလေ ......
String (Part 33)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)