"Soon ကတော့ နောက်ထပ် ကိုယ့်ကို ချစ်ပေးမယ့်သူ မလိုချင်ပါဘူး ...... Jin ရှိနေရင် လုံလောက်ပြီ ...... Jin ကလည်း Soon ကို ဘယ်တော့မှ ပစ်မသွားဘူးဆိုတာ သေချာနေတာပဲကို"

သူမ စကားကို သူက သဘောကျစွာရယ်လျှက် ......

"ဟုတ်ပါတယ်ဗျာ ...... ကိုယ်က Soon ကို ဘယ်တော့မှ ပစ်မသွားပါဘူး ...... Soon ကိုယ့်ကို ထားခဲ့မှာကိုပဲ ကြောက်ရတာ"

"အဲ့ဒါ အရင်ကပါ ...... အခုစိတ်ကူး ပြောင်းသွားပြီ ......Jin နားက ဘယ်တော့မှ ထွက်မသွားတော့ဘူး"

Soon Young က ပြောရင်း သူ့လက်မောင်းကို ခပ်တင်းတင်းလေး ဖက်ကာခေါင်းလေးမှီလိုက်တော့ Jin က လက်ဖြင့် သူမ ဆံနွယ်လေးတွေကို ဖွလိုက်လေသည်။

"Soon ...... တော့ပိုကီ စားတယ် မဟုတ်လား"

"အင်း စားတယ်လေ"

"အဲ့ဒါဆို ကိုယ်စားနေကျ တော့ပိုကီဆိုင် ဝင်ရအောင် ...... အဲ့ဆိုင်က တော့ပိုကီကောင်းတယ် ...... ကိုယ် မကြာမကြာလာစားနေကျ ...... Soon ကိုတော့ မကြုံလို့ တခါမှ မခေါ်ဖြစ်ဘူး"

"Jin က အဲ့လိုတွေလည်း စားတတ်တာလား"

"အင်းလေ ...... ဘာဖြစ်လို့လဲ"

"Soon ထင်တာက ယောက်ျားလေးတွေက အစပ်သိပ်မစားဘူးထင်တာ"

"ကိုယ်ကတော့ မစားဘူးဆိုတာမရှိဘူး ...... အစားနဲ့ဆို အကုန်တည့်တယ်"

"ယုံပါတယ် ...... ဒီခန္ဓာကိုယ်ကို ကြည့်ရင်"

"wae ...... ဘာဖြစ်လို့လဲ ...... အရမ်းဝနေတာလား ...... ကိုယ်က ကြည့်ကောင်းတယ် ထင်နေတာ"

ကြောင်တောင်တောင်လုပ်ကာ ပြန်ပြောနေတဲ့ သူ့ကြောင့် သူမ ရယ်လိုက်ရင်း

"arnee ...... နောက်တာ"

Jin ချစ်စနိုးဖြင့် သူမ ပါးလေးကို ဖွဖွလေးဆွဲလိုက်မိသည်။ အရင်တွဲတုန်းကလိုမျိုး စကားသိပ်မပြောဘဲ အေးစက်စက် နေတတ်တဲ့ ပုံစံမဟုတ်ဘဲ သွက်သွက်လက်လက်နှင့် ချစ်စရာကောင်းအောင် ပြောတတ်လာတဲ့ သူမကို သူအချစ်ပိုရသည်။ တခါတလေတော့လည်း ဆိုးရွားတဲ့ အဖြစ်အပျက်တွေက လူတစ်ယောက်ကို အများကြီး ပြောင်းလဲသွားစေခဲ့၏။ အခုပြောင်းလဲခြင်းက သူမအတွက် ကောင်းသောပြောင်းလဲခြင်း ဖြစ်စေခဲ့လို့ သူ ဝမ်းသာရသည်။ နှစ်ယောက်သား တော့ပိုကီ ဆိုင်လေးမှာ ထိုင်ပြီးမှာနေစဉ်မှာပင် Jimin တို့အတွဲရယ် Chal Lin တို့အတွဲရယ် ဆိုင်ထဲဝင်လာလေသည်။

String [Completed]Where stories live. Discover now