Soon Young ပြောပြီးတာနှင့် Hyeri ရှေ့ကနေ ထွက်လာပြီး သက်ပြင်းချလိုက်မိသည်။ သူမ အတတ်နိုင်ဆုံး သီးခံဖို့ ဆုံးဖြတ်ခဲ့ပြီးပြီပဲ ...... သူမ ရင်ထဲက ခံပြင်းမှုတွေကိုတော့ မြိုသိပ်လိုက်၏။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေဘက်ရုံးဆင်းတော့ အိမ်ကိုတန်းမပြန်သေးဘဲ Jin နှင့်အတူ နှစ်ယောက်သား ညစျေးးကို ဝင်ခဲ့ကြ၏။ များပြားလှတဲ့ လူတွေကြားမှာ ချစ်ရသူရဲ့ လက်မောင်းကို ချိတ်ပြီး စကားတပြောပြောနှင့် လျှောက်လာလိုက်တာ လူရှုပ်လို့ စိတ်ကျဉ်းကြပ်မှုကိုပါ မေ့ပျောက်နေလေသည်။ သူမတို့ စျေးတလျှောက် လျှောက်ကြည့်ရင်းမှ Handmade ပစ္စည်းလေးတွေ ရောင်းတဲ့ ဆိုင်တစ်ခုရှေ့ရောက်တော့ Jin က ရပ်လိုက်ပြီး

"ခဏလေး ...... Soon ...... ဟို လက်ပတ်လေးတွေ ခဏဝင်ကြည့်ရအောင်"

Jin က သူမလက်ကို ဆွဲကာ ထိုဆိုင်လေးထဲကို ဝင်ပြီး လက်ပတ်လေးတွေ လိုက်ကြည့်နေလေသည်။ Jin ပန်းရောင်ကျောက်ကြည်ကြည်လေးနှင့် လုပ်ထားသော လက်ပတ်လေးကို ကောက်ကိုင်လိုက်တော့ ဆိုင်ရှင်ကောင်မလေးက လက်ပတ်လေးအကြောင်းကို ရှင်းပြလေသည်။

"အဲ့ဒါက Rose quartz အကို ...... Couple တော်တော် များများတော့ ဆင်တူပတ်ကြတယ် ...... မိသားစု ဒါမှမဟုတ် ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေလည်း ဆင်တူပတ်လို့ရတယ် ...... Rose quartz ကိုဆောင်ထားရင် ကိုယ့်ကို ချစ်သူ ခင်သူတွေတိုးလာမယ် ...... ချစ်သူတွေဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက်ကြား ပိုပြီးနားလည်မှုရှိလာနိုင်စေတယ်"

"Soon ကိုယ်တို့ ဒါလေး ဆင်တူ ပတ်ရအောင်လေ ...... ဘယ်လောက်လဲ ညီမ"

"ဝမ် တစ်သောင်းပါ"

Jin က လက်ပတ်တစ်ခုကိုယူကာ သူမ လက်ကိုပတ်ပေးလိုက်ပြီး သူ့လက်မှာလည်း ပတ်ကာ ပိုက်ဆံရှင်းပြီးထွက်လာခဲ့၏။ နှစ်ယောက်သား လက်မှာ ဆင်တူနေရာယူထားတဲ့ လက်ပတ်လေးကို ကြည့်ကာ တစ်ပြုံးပြုံးနှင့် ......

"အဲ့ဒီ့ Rose quartz အကြောင်းကို ကိုယ် လည်းတော်တော်ကြားဖူးတယ်...... အဲ့ဒါလေး ပတ်ထားရင် ကိုယ့်ဆီကို အချစ်တွေရောက်လာနိုင်တယ်တဲ့ ...... ချစ်သူက ပစ်သွားရင်လည်း နောက်ထပ်ကိုယ့်ကို ချစ်ပေးမဲ့သူ ပေါ်လာတတ်တယ်"

String [Completed]Where stories live. Discover now