"လာလေ ...... သွားကြတာပေါ့ ...... နင် သိပ်ပြောချင်နေတဲ့ စကားကို ငါ နားထောင်ပေးမယ်"
Soon Young ကပင် ဦးဆောင်ပြီး Company ရှေ့နားက ပန်းခြံဆီသို့ ထွက်ခဲ့လိုက်သည်။
"ကဲ ...... နင် သိပ်ပြောချင်နေတာတွေ ပြောလို့ရပြီ Hyeri"
"နင် ဒီကနေ အေးအေးဆေးဆေး ထွက်သွားပေးလို့ မရဘူးလား Soon Young"
"ငါက ??? ...ဘယ်ကို ထွက်သွားရမှာလဲ ...... ဒါက ငါ့အဖိုး သွေးနဲ့ ချွေးနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့နေရာ ...... ရှင်းရှင်းပြောရရင် နင်တို့နဲ့ ဘာမှမဆိုင်ဘူး ...... အဲ့ဒါကို ထားပြီး ငါက ဘယ်ကိုထွက်သွားပေးရဦးမှာလဲ"
"နင် အရင်တုန်းကလည်း ဒါတွေကို စိတ်ဝင်စားခဲ့တာမှ မဟုတ်တာ ...... ဘာလို့ အခုမှလာပြီး ပျော်ရွှင်နေတဲ့ ငါတို့မိသားစုကို လာဖျက်ဆီးချင်ရတာလဲ ...... နင်လည်းသိမှာပါ ငါတို့ သားအမိအရင်က ဘယ်လိုပုံစံနဲ့နေခဲ့ရလဲ ဆိုတာ ...... အခုမှ ငါလိုချင်တဲ့ မိသားစု ဘဝလေး ရရုံရှိသေးတယ် ...... နင်က ဖျက်ဆီးဖို့ ကြံစည်နေတယ်"
Soon Young ခပ်သော့သော့လေး ရယ်လိုက်ကာ
"နင် သေချာပြန်စဉ်းစားလိုက်ဦး Hyeri ...... နင်လိုချင်တာ ပျော်ရွှင်တဲ့ မိသားစု ဘဝလား ...... ဒီ စည်းစိမ်တွေလား ဆိုတာကို သေချာ သိအောင်လုပ်လိုက်ဦး ...... နင့် စကားထဲမှာ နင်ရဲ့ လောဘတွေကို အတိုင်းသားမြင်နေရတယ် ...... ငါ အခု ပြန်ရောက်လာတာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ် ...... ငါ့အဖိုးရဲ့ အမွေတွေကို ပြန်ယူမလို့ ...... အဲ့ဒါတစ်ခုပဲ ...... ကျန်တာက နင်တို့မိသားစု ကိစ္စ ...... နင်တို့ ဘာဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး ...... ပျော်ရွှင်တဲ့ မိသားစုဆိုတာ နင်အခုထင်နေသလို ပိုက်ဆံရှိမှ ...... ချမ်းသာမှ ဖြစ်တာမဟုတ်ဘူး ..."
သူမ စကားကြောင့် Hyeri မျက်နှာ တစ်ချက်တော့ ပျက်သွား၏။ ပြီးမှ
"ဘာပဲဖြစ်ဖြစ်လေ အခု ငါတောင်းဆိုနေတဲ့ အချိန်မှာ ထွက်သွားရင် ထွက်သွား ...... မဟုတ်ရင်တော့ နင့်ထိုက်နဲ့နင့်ကံပဲ ...... ဒီ Myaung Group တစ်ခုလုံးကို နင်ပြန်ရလိမ့်မယ်လို့တော့ မမျှော်လင့်နဲ့ ...... "
"မမျှော်လင့်နဲ့ ...... ဟုတ်လား ...... အစကတော့ ငါ ဒီအတိုင်းထားလိုက်မလို့ပဲ ဒါပေမယ့် အခုလိုပြောလိုက်တော့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းသွားပြီ ...... နင် လုပ်ကြည့်လိုက်လေ ...... ငါလည်း ငါ့အစွမ်းရှိသလောက်နဲ့ နင့်အပိုင်လို့ ယူဆနေသမျှ အားလုံးကို ရအောင်ပြန်ယူပြမယ် နင် သိထားဖို့က ... နင်တို့ကို ကြောက်တတ်တဲ့ Soon Young ကို နင်တို့ကိုယ်တိုင်ပဲ သတ်ခဲ့တာ"
String (Part 33)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)