"Jin ကလည်း ဘာမှ မဖြစ်ပါဘူးဆို ...... စိတ်ချပါ ...... သူတို့ ဘာမှ မလုပ်ရဲပါဘူး... "
"မလုပ်ရဲလို့ပဲ ...... ဟိုတခါက ...... "
Jin က ဆက်မပြောဘဲ ရပ်လိုက်ကာ သက်ပြင်းချလိုက်၏။
"အဲ့ဒါက ...... သတိမထားလိုက်မိလို့ပါ ...... အဲ့ဒါမျိုး နောက်ဘယ်တော့မှ မရှိစေရဘူး"
"ဟုတ်ပါပြီ ...... ဒီလောက် ပြောမရမှတော့လည်း သဘောပါဗျာ ...... ဖုန်းဆက်ရင်တော့ ကိုင်ရမယ်နော် ...... ပြီးတော့ အစစ အရာရာ ဂရုစိုက် ...... ညနေကျရင် ကိုယ်ပဲ လာကြိုမယ် ...... ကိုယ် ဒီအရှေ့ရောက်လို့ ဖုန်းဆက်မှ ထွက်လာခဲ့ ကြားလား"
မှာတမ်းချွေလို့ မဆုံးနိုင်တဲ့ Jin ကို ကြည့်ကာ Soon Young ရယ်လိုက်မိတော့ Jin က သူမပါးလေးကို ဖွဖွလေးဆွဲကာ
"ဒီကလူက စိတ်ပူလို့ သေတော့မှာကို ...... သူက ရယ်နေနိုင်သေးတယ်"
"စိတ်ချပါဆို ...... Jin ရယ် ...... ဘာမှမဖြစ်ဘူး ...... ဟုတ်ပြီလား ...... သွားတော့မယ်နော် ...... Jin ကားကို ဂရုစိုက်မောင်း ...... Company ရောက်ရင် ဖုန်းဆက်လိုက်နော်"
"အင်း ...... Ok"
သူမ သူ့ကို နှုတ်ဆက်ပြီး ကားပေါ်က ဆင်းကာ Company ထဲသို့ ဝင်ခဲ့တော့ အဝင်ဝမှာပင် Hyeri ရုံးအလာနှင့်တွေ့လေသည်။
"Morning!!!! Soon Young ...... arnee ...... Ji Na"
သူမရဲ့ နှုတ်ဆက်စကားသံနှင့် အတူ သူမမျက်နှာမှ ခနဲ့တဲ့တဲ့ အပြုံးကိုပါတွေ့လိုက်ရ၏။ Soon Young မတုန်လှုပ်ဘဲ အလိုက်သင့် ပြန်ပြုံးပြလိုက်တော့ Hyeri မျက်နှာထားက ချက်ခြင်းတင်းမာသွားကာ
"Choi Ji Na ...... ပြောစရာရှိတယ် ငါနဲ့ ခဏလိုက်ခဲ့"
"ငါ့မှာ နင်နဲ့ ပြောစရာ မရှိဘူး ......"
သူမ ပြောပြီး Hyeri ရှေ့ကနေ ထွက်လာပြီး ခပ်လှမ်လှမ်းအရောက် Hyeri ပြောလိုက်တဲ့ စကားကြောင့် ခြေလှမ်းတွေကို ပြန်လှည့်ကာ Hyeri ရှေ့သို့ တည့်တည့် ပြန်လျှောက်လာခဲ့လိုက်သည်။ Hyeri ပြောလိုက်တာက
"ဘာလဲ အားလုံးကို အမှန်အတိုင်း သိသွားပြီဆိုတော့ ရင်ဆိုင်ရဖို့ ကြောက်နေလို့လား" တဲ့
သူမ ဟက်ဟက်ပက်ပက် ရယ်လိုက်မိ၏။ တကယ်တမ်း ဒီစကားကို ပြောသင့််တာ သူမ မဟုတ်လား ......
String (Part 33)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)