"အဲ့လူက လူရှုပ် ...... မိန်းကလေးတွေ ထည်လဲတွဲနေတာ ...... သူ တစ်ခါလာရင် မိန်းကလေးတစ်ယောက်ပဲ"

"ဟင် အဲ့လိုလား ...... မထင်ရဘူး ...... Company မှာကျတော့ လူရိုးလူအေးကြီးအတိုင်းပဲ ...... အဲ့ဒါကြောင့် ယောက်ျားတွေက မကောင်းဘူးလို့ပြောတာ ...... ဘယ်သူ့မှ ယုံစားလို့ကို မရဘူး"

"နင်ကလည်း တစ်ယောက်မကောင်းတာနဲ့ အကုန်သိမ်းကျုံးပြီးပြောတော့တာပဲ ...... ငါ့လိုလူတွေလည်း အများကြီးရှိပါတယ်"

"နင့်လိုလူ??"

သူမ သူ့နောက်က သံယောင်လိုက်ပြောကာ ရယ်လိုက်တော့ Taehyung က သူမကို မျက်မှောင် ကျုံ့ကာ ကြည့်လာရင်း

"wae ...... ဘာရယ်တာလဲ"

"ဘာမှမဟုတ်ပါဘူး ... နင်လည်း တစ်နေ့ မပြောင်းလဲသွားပါဘူးလို့ ပြောလို့မရဘူးလေ"

"borrrr ...... Chal Lin ကျန်တာ ငါ့ကို ကြိုက်တာ ပြောလို့ရတယ် အဲ့လို အကျင့်သိက္ခာပိုင်ထိခိုက်တဲ့ စကားတွေတော့ မပြောနဲ့ ... ငါ့ ဘက်ကဘယ်လောက်မှန်အောင် နေလဲဆိုတာ နင် အသိဆုံးပါ ...... ပြီးတော့ နင့်ကိုချစ်တာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

Taehyung စကားသံမှာ ဒေါသသံလေး နည်းနည်း စွက်လာတာကြောင့် သူမ ပြောလိုက်တာ လွန်သွားမှန်း သိလိုက်၏။ ကျန်တဲ့ အချိန်မှာ သူ့ကို ဘယ်လိုပြောပြော ဘယ်လိုဆိုးဆိုး ရပေမယ့် သူ့ကို သဝန်တိုတာတို့ အခြားတစ်ယောက်နဲ့ အထင်လွဲမိတာတို့ ဆိုရင် သူ စိတ်ဆိုးတတ်တာ သူမ အသိ ...... အခုလည်း စိတ်ဆိုးကာ သူမကို မစောင့်ဘဲ ရှေ့က ထွက်သွားလေသည်။

"Taehyung yarr ...... Taehyung!!!!"

သူမ သူ့အနောက်ကနေအမှီလိုက်ကာ သူ့ရှေ့မှ ပိတ်ရပ်လိုက်ရင်း သူ့အတွက်ဝယ်လာတဲ့ မာဖလာလေးကို လည်ပင်းမှာ ပတ်ပေးလိုက်၏။

"ဘယ်လိုလဲ သဘောကျရဲ့လား ...... ငါနဲ့ ဆင်တူလေ ... နင်ကလည်း စိတ်မဆိုးပါနဲ့ဟာ ...... ငါက ဒီအတိုင်းပဲ ပြောမိတာကို ...... စိတ်မဆိုးနဲ့ နော် ... နော် ... လက်ဆောင်ဝယ်ပေးထားတဲ့ မျက်နှာလေးနဲ့ ခွင့်လွှတ်ပါနော်"

Taehyung သူမကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းကာ ရှေ့ဆက်သွားလိုက်သည်။ တကယ်တော့ အစကတည်းက သူမကို သူ စိတ်မဆိုးခဲ့ ...... သူမ အဲ့လိုပြောလိုက်လို့ သူ စိတ်မကောင်းတော့ ဖြစ်မိတာအမှန် ...... ဒါပေမယ့်လည်း သူမ အခုလို သူ့ကို လိုက်ချော့နေတာကို သဘောကျတာကြောင့် စိတ်ဆိုးဟန်ဆက်ဆောင်လိုက်၏။ မဟုတ်ရင် သူမ ချည်းပဲစိတ်ကောက်ပြီး သူက အချော့သက်သက်ဖြစ်နေတာလေ ......

"Taehyung yarr ...... စိတ်မဆိုးပါနဲ့ဆို ...... ငါက ဘာသဘောမှမဟုတ်ဘူး ဒီအတိုင်းလေးပြောလိုက်တာပါ ...... Taehyung yarrr ......"

သူ့နောက်ကနေ တကောက်ကောက်လိုက်ကာ တတွတ်တွတ်ပြောနေတဲ့ သူမဘက်ကို သူလှည့်လိုက်ရင်း သူမ ပါးလေးနှစ်ဖက်ကို ကိုင်ကာ နှုတ်ခမ်းပါးလေးကို ဖြတ်ကနဲ နမ်းလိုက်တော့ သူမ ငြိမ်ကျသွားလေသည်။ Taehyung ကြောင်တောင်တောင်ဖြစ်နေတဲ့ သူမကိုကြည့်ပြီး ရယ်လိုက်မိ၏။ သူမက သူမပါးပေါ်ရောက်နေတဲ့ သူ့လက်နှစ်ဖက်ကို ဖယ်ချရင်း သူ့ကို မျက်စောင်းထိုးလျှက်

"Yah!!! Kim Taehyung ...... အဲ့ဒါ ...... ဘာလုပ်တာလဲ"

"ကျေးဇူးတင်တာလေ ...... မာဖလာ အတွက်ကျေးဇူးပဲ သိလား ...... ငါ အရမ်းကြိုက်တယ်"

သူ မသိချင်ယောင်ဆောင်ကာ ပြောလိုက်တော့ သူမရဲ့ လက်သီးဆုပ်လေးတွေက သူ့လက်မောင်းပေါ် အဆက်မပြတ် ရောက်လာတော့သည်။

"အကျင့်မကောင်းတဲ့ကောင် ...... သူ တကယ် စိတ်ဆိုးတယ် ထင်ပြီး ဒီမှာတော့ ချော့လိုက်ရတာ ......သူကတော့ စိတ်ဆိုးချင်ယောင်ဆောင်နေတယ်"

"စိတ်မဆိုးပေမယ့် စိတ်မကောင်းတော့ ဖြစ်တယ် ...... နောက်တစ်ခါ အဲ့လိုတွေ မပြောနဲ့တော့နော် "

"အင်းပါ ...... mianae"

"လာ ...... ငါ့ချစ်သူလေး မောသွားပြီ ဆိုတော့ ကျောပေါ်တက် ...... ကားဂိတ်အထိ ခေါ်သွားပေးမယ်"

Taehyung ပြောပြောဆိုဆိုဖြင့် သူမ သူ့ကကျောပေါ်တက်ဖို့ အတွက် ထိုင်ချပေးလိုက်ပေမယ့် သူမက မတက်ဘဲ

"arni ...... နင် ပင်ပန်းနေမှာပေါ့ ...... ဒီအတိုင်းပဲလမ်းလျှောက်သွားကြရအောင်"

Taehyung ကမ်းပေးလာတဲ့ သူမလက်လေးကို ဆွဲကာ ထလိုက်ပြီး သူမ လက်ကို ဆုပ်ကိုင်ကာ သူ့ အကျင်္ီ အိပ်ကပ်ထဲထည့်ပြီး ကားဂိတ်ဆီသို့ လျှောက်လာခဲ့၏။ အေးမြလှတဲ့ ဆောင်းရဲ့ အအေးဒါဏ်ကို ချစ်သူရဲ့ အနွေးဓါတ်ဖြင့် ကွယ်ပျောက်စေခဲ့ပြီ ......

"Saranghae Han Chal Lin"

"Saranghae Kim Taehyung"

xxxxxxxxxxxxxxxxxxxxx

to be continued

String [Completed]Where stories live. Discover now