"ကျေးဇူးတင်ပါတယ် ...... Hae Yoon yarr"

"ငါတို့ကြားမှာ ကျေးဇူးဆိုတာ မလိုပါဘူး Soon ရယ် ...... ငါ အခု နင့်ကို ပြန်တွေ့ရတာ ဘယ်လောက်ပျော်လဲ သိလား ...... ပြီးတော့ ငါတို့က ဆွေမျိုးတွေတော်ရတော့မှာ ...... "

"ဆွေမျိုး ??? ...... အင်း ...... ဟုတ်သားပဲ ...... ဒါနဲ့ နင်နဲ့ Jimin က ဘယ်ကနေဘယ်လို အဆင်ပြေသွားကြတာလဲ ......"

"အဲ့ဒါလား ...... နောက်မှပြောတာပေါ့ ...... အခု အိမ်အောက်မှာ အမေ့ကို သွားကူရအောင်"

သူမ တို့နှစ်ယောက် အိမ်အောက်ထပ်သို့ ဆင်းခဲ့ကာ မီးဖိုခန်းထဲဝင်ပြီး Park arjuma ကို နေ့လည်စာ အတွက် ကူပြင်ဆင်ပေးလိုက်သည်။ သူမ ပြန်မယ် ဆိုတော့ Hae Yoon ပါ သူမ အိမ်လိုက်လာ၏။ တစ်ညလုံး သူငယ်ချင်း နှစ်ယောက် စကားဖောင်ဖွဲ့ပြီး တော်ရုံနှင့်မအိပ်ဖြစ်ခဲ့ကြချေ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Chal Lin တစ်ယောက် Taehyung အလုပ်လုပ်ရာ Hotel ရဲ့ Lobby ထဲမှာ Taehyung Duty အထွက်ကို ထိုင်စောင့်နေမိသည်။ Hotel ရဲ့ စားသောက်ဆိုင် ဘက်မှာတော့ Myung group က CEO Shin နှင့် သူမတို့ Store Manager Min ......

"aww ...... Manager Min က CEO Shin နဲ့ အသိတွေကိုး"

သူမ သူတို့ကိုကြည့်နေမိစဉ် သူမ မျက်လုံးပေါ်ကို လက်ရှည်ရှည်သွယ်သွယ် တစ်စုံက လာအုပ်လိုက်လေသည်။ သူမ Taehyung ဆိုတာသိလိုက်တာကြောင့် ထိုလက်တွေကို ဆွဲဖယ်လိုက်ရင်း သူ့ကိုမော့ကြည့်လိုက်၏။

"ဒီကောင်မလေး ကိုယ့်ချစ်သူတစ်ယောက်လုံးကို မမြင်ရအောင် ဘယ်ကောင်လေးကို ကြည့်နေတာလဲ မှန်မှန်ပြော"

ရွှတ်နောက်နောက်နှင့်ပြောလာတဲ့ Taehyung ကို မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း

"ကောင်လေးတွေကို ငေးစရာလား ...... ဟိုမှာ ငါတို့ Company က Manager ကိုတွေ့လို့"

Taehyung က Chal Lin ညွှန်ပြရာကိုကြည့်လျှက်

"အဲ့လူလား ...... နင် အဲ့လူနဲ့ ရင်းရင်းနှီးနှီး မနေနဲ့နော်"

"အင် ...... ဘာဖြစ်လို့လဲ"

မကောင်းလို့ပြောတာမှန်း သိလျှက်နှင့်ပင် သူမ အထွန့်တက်ကာ မေးလိုက်မိသည်။

String [Completed]Where stories live. Discover now