"arni ...... မလိုပါဘူး ...... gomawo ...... jinja gomawo"

သူမ သူ့ခါးကိုဖက်ကာ သူ့ရင်ခွင်ထဲ တိုးဝင်လိုက်၏။ အရာအားလုံးအတွက် သူ့ကို သူမ ကျေးဇူးတင်မိသည်။ ဒီအချိန်မှာ သူ့နဲ့ တစ်သက်လုံး အေးအေးချမ်းချမ်းနေသွားဖို့ကလွဲပြီး အခြားမတွေးမိ ...... သူမ သူ့ကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့မိတဲ့ အချိန်တွေ အတွက်တောင် နောင်တရနေမိသေးသည်။

"အဟမ်း ...... အဟမ်း"

တံခါးဝမှ ချောင်းဟန့်သံကြောင့် သူမ တို့နှစ်ယောက် လူချင်းခွါလိုက်ကာ တံခါးဝဆီသို့ အကြည့်ရောက်သွားမိတော့ Jimin နှင့် သူ့အနောက်မှာ Hae Yoon ......... Jimin က ပြုံးစိစိနှင့် သူမတို့ကို ကြည့်ရင်း

"drama ရိုက်မယ်ဆိုလည်း တံခါးလေးပိတ်ထားလေ"

Jimin စကားကြောင့် သူမ မျက်နှာပင် မထားတတ်တော့ ......Jin က သူ့ဂုတ်ကို ပွတ်ရင်း ခေါင်းကြီးငုံ့ထားလေသည်။ Jimin က သူမ တို့နား လျှောက်လာပြီး သူ့အစ်ကို ပုခုံးကိုဖက်လျှက်

"ကဲ ...... သူငယ်ချင်း နှစ်ယောက် အေးအေးဆေးဆေး စကားပြောပြီး နေခဲ့ကြလေ ...... သွားမယ် hyung ...... လာ"

သူတို့ ညီအစ်ကို နှစ်ယောက် ထွက်သွားပြီးတဲ့ အထိ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှုတ်ဆိတ်နေမိသည်။ အတော်ကြာမှ သူမ ဘက်ကပင် တိတ်ဆိတ်မှုကို စပြီးဖြိုခွင်းလိုက်၏။

"တောင်းပန်ပါတယ် ...... Hae Yoon yarr ...... ငါလေ ......"

သူမ စကားမဆုံးခင်မှာပင် Hae Yoon က သူမဆီ ခပ်သွက်သွက်လေး လျှောက်ကာ သူမကို ဖက်ထားလိုက်၏။

"ရပါတယ် ...... မလိုပါဘူး ...... ငါ အားလုံးကို နားလည်တယ် ...... နင် ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲ"

"တောင်းပန်ပါတယ်ဟာ ...... နင့်ကို အသိမပေးခဲ့လို့ တောင်းပန်ပါတယ် ... "

"ရပါတယ် ...... မလိုပါဘူးဆို ...... နင် ပြန်ရောက်လာနေပြီပဲ ...... နင် အသက်ရှင်နေပြီပဲ ရပါတယ်ဟာ"

သူမ မှာ အရာအားလုံး ဆုံးရှုံးသွားခဲ့ရင်တောင် သူမကို ချစ်တဲ့လူတွေရှိနေခဲ့တာပဲ ...... အခု သူမ ဘာကို စိုးရိမ်နေရဦးမှာလဲ ... သူမ အတွက် တန်ဖိုးအထားရဆုံး လူနှစ်ယောက်ကို ဆုံးရှုံးရခါနီးလေးမှာ အချိန်မီပြန်ပြင်လိုက်နိုင်တဲ့ အတွက် သူမ ဝမ်းသာမိသည်။

String [Completed]Where stories live. Discover now