သူမ သူ့ကိုပြုံးပြကာ သူ့လက်ကို ဆုပ်ကိုင်လျှက် သူ့အိမ်ဆီသို့ နှစ်ယောက်သား လျှောက်လာမိသည်။ သူတို့ အိမ်ထဲရောက်တော့ သူမ အထင်နဲ့ ဆန့်ကျင်စွာ Jin အမေရော အဖေရောက သူမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလေသည်။ သူမ Ji Na အဖြစ်ရှိနေစဉ်က ရင်းနှီးမှုမျိုးအတိုင်း ဘာမှပြောင်းလဲသွားခြင်းမရှိ ...... Jin က သူပြောသားပဲဆိုတဲ့ မျက်နှာမျိုးနှင့် သူမကို ကြည့်လာလေသည်။ Jimin ကလည်း သူမတို့နှစ်ယောက်ကို ကြည့်ကာပြုံးလျှက် ...... သူမ အခုမှ နည်းနည်း အသက်ရှုချောင်သွားသလို ခံစားရ၏။ Jin မိဘတွေနှင့် စကားပြောပြီး Jin အမေက သူမကို နေ့လည်စာကျွေးချင်တယ် ဆိုတာကြောင့် Jin အိမ်မှာ ခဏဆက်နေဖြစ်လေသည်။ သူမ Jin အမေနှင့်အတူ မီးဖိုခန်းထဲမှာ ကူချက်ပေးနေစဉ် Jin က သူမ ဘေးရောက်လာကာ

"Soon ကိုယ်နဲ့ ခဏလိုက်ခဲ့ဦး ...... ပြစရာရှိလို့ ...... Omma ...... သား Soon ကို ခဏခေါ်သွားမယ်နော်"

"အင်း ... သမီး လိုက်သွားလိုက်လေ ...... ဒါတွေထားခဲ့ အန်တီ ဆက်လုပ်ထားလိုက်မယ်"

Jin အမေဆီမှ ခွင့်ပြုချက်ရတာနှင့် Jin က သူမလက်ကိုဆွဲကာ အိမ်အပေါ်ထပ်ရှိ သူ့အခန်းဆီသို့ ခေါ်သွားလေသည်။ သူ့အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူ့အခန်းနံရံပေါ်က သူမ ပုံတွေကြောင့် အံ့အားသင့်သွားရ၏။ သူမ ဆေးကျောင်းတက်တဲ့ အချိန်က စလို့ သူမနှင့်သူ ချစ်သူဖြစ်တဲ့ အချိန်အထိ ပုံတွေက သူ့အခန်းနံရံတခြမ်းမှာ နေရာယူလျှက် ......သူမ တစ်ပုံချင်းစီ သေချာလိုက်ကြည့်နေမိသည်။ ပုံ အားလုံးက လျှပ်တပြက်ရိုက်ထားတဲ့ ပုံတွေချည်းသာ ...... သူ ဘယ်အချိန်ကများ ဒီပုံတွေကို ...... သူမ သူ့ဘက်ကိုလှည့်ကြည့်တော့ သူက ပြုံးလျှက် သူမကို ငုံ့မိုးကာကြည့်နေလေသည်။

"Jin က ကျွန်မ ဘေးမှာ အမြဲရှိနေခဲ့တာလား"

"အမြဲတော့ မဟုတ်ဘူး ...... ညီ ကျောင်းပြီးတော့ နှစ်နှစ်လောက် Soon ကိုမတွေ့ရတော့ဘူးလေ ...... Soon ကိုယ့်ကိုယ်ကို သတ်သေဖို့လုပ်တဲ့နေ့ကမှ ပြန်တွေ့ခဲ့တာ ...... Soon ဆီက ခွင့်ပြုချက်မတောင်းဘဲ ဓါတ်ပုံတွေ ရိုက်ခဲ့မိတာ အတွက်တော့ ကိုယ် တောင်းပန်ပါတယ်နော်"

String [Completed]Where stories live. Discover now