"လာ ...... ကိုယ့်အိမ်သွားကြမယ် ...... ကိုယ်တို့လက်ထပ်ဖို့ တိုင်ပင်ရအောင် ...... လူကြီးတွေလည်း စောင့်နေကြတယ်"

သူ့စကားကြောင့် သူမ အံ့အားသင့်သွားရသည်။ မနေ့က သူပြောတုန်းက အမြန်ဆုံး လက်ထပ်မယ်လို့ ပြောခဲ့ပေမယ့် ဒီလောက်မြန်မယ်လို့ သူမ မထင်ထားခဲ့

"မမြန်လွန်းဘူးလား Jinရဲ့ ... ပြီးတော့ ကျွန်မက Soon Young ဆိုတာသာသိရင် Jin မိဘတွေက သဘောတူနိုင်ပါ့မလား"

"မမြန်ပါဘူး ...... ဒီက မမလေးက ဘယ်အချိန်စိတ်ပြောင်းမလဲ မသိတော့ ...... စိတ်မပြောင်းခင် စီစဉ်ရတာ ...... အဖေနဲ့ အမေ ကိုလည်း အကုန်ရှင်းပြထားပြီးပြီ"

"လူကြီးတွေတော့ စိတ်ရှုပ်ကုန်တော့မှာပဲ ......"

"ဘာမှ မဖြစ်ပါဘူးဆို ...... အဖေနဲ့ အမေက နားလည်မှုရှိပါတယ် ...... အမေဆိုလည်း အစောကြီးကတည်းက Ji Na ကို သဘောကျပြီးသားပဲ ... "

သူမ မျက်နှာလေးငယ်သွားကာ သက်ပြင်းချလိုက်မိသည်။ သူမ စိတ်ထဲမှာ တကယ်ကိုလေးလံနေမိ၏။ သူမက သူ့အတွက် မကောင်းတာချည်းပဲ ပေးခဲ့တဲ့ သူတစ်ယောက်လေ ...... သူမ ဆုံးသွားပြီး သူ အရက်တွေသောက်နေခဲ့တဲ့ အချိန်တုန်းက သူ့မိဘတွေ သူမကို ဘယ်လောက်တောင် မုန်းတီးနေလိမ့်မလဲ

"Soon ...... ကိုယ့်ကိုကြည့်"

သူက သူမပုခုံးကို ကိုင်ကာ သူနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လျှက်

"ဘာလဲကွာ ...... မျက်နှာကြီးက ...... Ji Na မဟုတ်တဲ့အတိုင်းပဲ"

"Ji Na???"

သူမ သူ့နောက်က သံယောင်လိုက်ပြောလိုက်မိသည်။

"ဟုတ်တယ် Ji Na ...... Ji Na အဖြစ်နဲ့နေတုန်းကဆို Soon ရဲ့မျက်လုံးထဲမှာ ရဲရင့်ပြီး အရာရာကိုရင်ဆိုင်ရဲတဲ့ အရိပ်အယောင်တွေ မြင်နေရတယ် ...... တခါတလေကျရင်တော့ အခုလိုမျက်လုံးမျိုးကို တွေ့ရတတ်ပါတယ်် ဒါပေမယ့် အဲ့ဒါက ခဏပဲ ...... ဘာလို့ပြောင်းလဲသွားတာလဲ ...... အရင်လို ရဲရဲဝံ့ဝံ့ပုံစံမျိုးနဲ့ နေလို့ ရရဲ့သားနဲ့"

သူက သူမ ပုခုံးကိုကိုင်ကာ ဆွဲမတ်လိုက်သည်။

"ကိုယ် တစ်ယောက်လုံးရှိတယ် မစိုးရိမ်နဲ့ ဟုတ်ပြီလား"

String [Completed]Where stories live. Discover now