xxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြူတင်းပေါက်လိုက်ကာက ဖြတ်ဝင်လာတဲ့ နေအလင်းရောင် သူမ ကိုယ်ပေါ်ကျလာတော့ Soon Young မျက်လုံးလေး ဖြည်းဖြည်းချင်းဖွင့်လိုက်မိသည်။ သူမ တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ ...... သူမ ဒီလို မအိပ်ရတာ အချိန် အတော့်ကိုကြာခဲ့ပြီ ...... ဒီနေ့က ရုံးပိတ်ရက်လည်း ဖြစ်တာကြောင့် သူမ မထသေးဘဲ အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေမိစဉ် ရုတ်တရက် ဆိုသလို သူမအတွေးထဲ ဝင်လာတဲ့ မနေ့က အကြောင်းတွေကြောင့် ရင်ခုန်သံစည်းချက်တွေ မမှန်တော့သလို မျက်နှာပူစွာဖြင့် စောင်ကိုခေါင်းအထိလုံအောင်ဆွဲခြုံပြီး ပြုံးလိုက်မိသည်။

"aish!!! မျက်နှာပူလိုက်တာ ...... တကယ်ပဲ ......"

သူမ တောင်တွေးမြောက်တွေး လုပ်နေမိစဉ် ဖုန်းမြည်လာတာကြောင့် သူမ ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ဖုန်းကို ယူကာ ပြန်ဖြေလိုက်၏။ တဖက်က အသံက နူးညံ့စွာ ......

"morning ...... Soon ...... အိပ်နေတာ အနှောင့်အယှက်ဖြစ်သွားပြီလား"

"ဟင့်အင်း မဖြစ်ပါဘူး ...... Jin ဖုန်းမခေါ်ခင် လေးတင် နိုးနေတာ"

"ကိုယ် အခု Soon အိမ်ရှေ့မှာ"

"ဟင် ...... အစောကြီးပဲ ......"

"ဘယ်မှာ စောတော့လို့လဲ ...... နာရီကိုလည်း ကြည့်လိုက်ပါဦး ...... အိပ်ပုတ်မလေးရဲ့"

သူမ နာရီကို လှမ်းကြည့်မိတော့ မနက် ကိုးနာရီပင် ရှိနေပြီ ...... ထိုအခါမှ သူမ အလန့်တကြား အိပ်ရာမှ ထထိုင်လိုက်မိသည်။

"ဟုတ်သားပဲ ...... အိမ်ထဲဝင်ခဲ့လေ ...... ခဏနေ ဆင်းလာခဲ့မယ်"

သူမ ဖုန်းချပြီး အလျင်အမြန်ပြင်ဆင်လိုက်၏။ သူမ အိမ်အောက်ရောက်တော့ Jin က ဧည့်ခန်းမှာ သူမကို ထိုင်စောင့်နေလေသည်။

"Mianae...... အိပ်ရာထတာ နောက်ကျသွားလို့"

"ရပါတယ် ...... အခုရော အိပ်ရေးဝရဲ့လား ..."

"အင်း ...... ဒီနေ့ တကယ်ကို အကြာကြီးအိပ်မိသွားတာ ...... အဲ့လို မအိပ်ရတာ ဘယ်လောက်ကြာပြီလဲတောင် မသိဘူး ..."

Jin က သူမကိုပြုံးကာကြည့်ရင်း သူမ ဆံပင်လေးကို အသာလေး ဖွလိုက်ပြီး သူမ လက်ချောင်းလေးတွေထဲကို သူ့လက်ချောင်းလေးယှက်ကာ ဆုပ်ကိုင်လာရင်း

String [Completed]Where stories live. Discover now