"Soon!!!"
"Jin ...... ပြောတာမှန်ပါတယ် ...... ဒါပေမယ့် ကျွန်မ မစဉ်းစားတတ်တော့ဘူး ... တကယ်လို့များ ကျွန်မ ရပ်တန့်လိုက်ပေမယ့် သူတို့က မရပ်ဘူးဆိုရင် ......"
"အဲ့ဒီ့အခါကျရင် ကိုယ်ရင်ဆိုင်ပေးမယ် ...... Soon သူတို့နဲ့ ပတ်သက်စရာမလိုဘူး ...... ကိုယ် Soon ရှေ့ကနေ အားလုံးကို ရင်ဆိုင်ပေးမယ်"
တွေဝေခြင်းမရှိဘဲ ပြတ်သားလှသော သူ့ရဲ့ စကားကြောင့် သူမ အံ့သြရသည်။ သူမက သူ အဲ့လိုလုပ်ပေးရလောက်အောင် တန်လို့လား ...... သူနဲ့ ချစ်သူစဖြစ်တဲ့ အချိန်ကစလို့ အခုအချိန်အထိ သူ့အတွက် ဝမ်းနည်းနာကျင်မှုတွေကလွဲပြီး အခြား ဘာမှ မပေးနိုင်ခဲ့တဲ့ သူမက သူ့ရဲ့ ကာကွယ်ပေးမှုနဲ့ရော ထိုက်တန်ရဲ့လား ......
"Soon ......... ဘာတွေ တွေဝေနေတာလဲ ...... ကိုယ့်ကို လက်မခံနိုင်လို့လား"
"ကျွန်မ Jin အပေါ်မှာ အရမ်းမတရား သလိုဖြစ်နေပြီလား မသိဘူး ......"
"မဟုတ်တာ ...... ကိုယ်ကသာ Soon ရဲ့ ချစ်သူတစ်ယောက် ဖြစ်ပြီး ... Soon အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့တာ...... အခုကစပြီး အဲ့ဒါတွေ အားလုံးကို ကိုယ်ပြန်ဖြည့်ဆည်းပေးမယ်"
သူမ လက်ကို ဖွဖွလေး ဆုပ်ကိုင်ရင်းပြောလာတဲ့ သူ့ကို သူမ ငေးကြည့်နေမိသည်။ ဒီအတိုင်း ငေးကြည့်တာထက် ချစ်တဲ့စိတ် မြတ်နိုးအားကိုးတဲ့ စိတ်နဲ့ ကြည့်နေမိတာ ... သူ ဘာလို့များ သူမကို ဒီလောက်ထိ သီးခံနိုင်တာလဲ ...... သူ့အတွက် သူမက အဲ့လောက်တောင်ပဲ အရေးပါခဲ့တာလား ...... သူမ မျက်ဝန်းဆီမှ မျက်ရည်စလေးတွေ ပါးပြင်ပေါ်သို့ ကြွေဆင်းလာလေသည်။ ဒီတခါတော့ ဝမ်းနည်းလို့ မဟုတ်ဘဲ ကြည်နူးဝမ်းသာစိတ်ကြောင့် ကျမိတဲ့ မျက်ရည်ပါ။ သူမ သူ့ကို ဖက်ထားလိုက်မိသည်။
"gomawo ...... Jin ...... အခုချိန်ထိ စိတ်မပျက်ဘဲ ချစ်နေပေးလို့ ကျေးဇူးတင်ပါတယ်"
Jin သူ့ကို ဖက်ကာ တရှုံ့ရှုံ့ ငိုနေတဲ့ သူမ ကိုယ်လေးကို ဆွဲလိုက်ပြီး သူနှင့် မျက်နှာချင်း ဆိုင်စေလျှက် သူမ ပါးပြင်ထက်က မျက်ရည်စလေးတွေကို ယုယစွာဖယ်ပေးလိုက်၏။ သူမက မျက်ရည်တွေကျနေတဲ့ ကြားကနေ သူ မျက်ရည်သုတ်ပေးနေတာကို ကြည့်ပြီး ရယ်နေပြန်သည်။ အခုအချိန်မှာ သူမက မာနတွေ ဟန်ဆောင်မှုတွေ ကင်းစင်နေတဲ့ ကလေးလေး တစ်ယောက်လိုပင် ...... Jin မြတ်နိုးမှု လွမ်းဆွတ်မှု ကြည်နူးမှု တို့နှင့် အတူ သူမရဲ့ ပန်းနုရောင် နှုတ်ခမ်းပါးလေးကို သူ့နှုတ်ခမ်းထူထူဖြင့် ဖိကပ်ထားလျှက် အချိန်ကြာမြင့်တဲ့ အနမ်းတစ်ခုကို ဖန်တီးနေမိတော့သည်။
String (Part 32)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)