"အဖေ...... ဒါဆို အခုအထိ သမီးလုပ်လာခဲ့တာ တွေကရော"

"အဲ့ဒါတွေ မေ့လိုက်တော့"

"အဖေ!!! ...... သမီး မလုပ်နိုင်ဘူး"

"ဘာလို့ ဒီလောက်တောင် ပြောရ ဆိုရ ခက်ရတာလဲ သမီးရယ် ...... သမီး လုပ်ချင်တာတွေ အားလုံးကို အဖေ ပေးလုပ်ထားခဲ့ပြီးပြီ ...... ဒီတခါတော့ ကျေးဇူးပြုပြီး အဖေ့စကားကို နားထောင်ပါ"

တောင်းတောင်းပန်ပန် ပြောလာတဲ့ အဖေ့ကြောင့် သူမ ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ စွန့်လွှတ်ခဲ့ရတဲ့ အရာတွေကိုတော့ အလဟဿ မဖြစ်ချင်မိတာ အမှန်ပင် ...... ဘယ်သူမှ အန္တရာယ်မရှိဘဲ အရာအားလုံး အေးချမ်းစွာပြီးဆုံး သွားဖို့ သူမ မျှော်လင့်မိလေရဲ့ .........

xxxxxxxxxxxxxxxxxxxxxxxxxxxx

"Seokjin ...... ကောင်လေး"

သူ Ji Na ဆီက ထွက်လာပြီး ဆေးရုံ အဝင်အထွက်တံခါးနား အရောက် သူ့အနောက်ကနေ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် သူ ရင်ခုန်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။ သူ့ကို ဒီလိုခေါ်တဲ့သူက သူအရမ်းတွေ့ချင်နေတဲ့ Jaung Woo Arjushi က လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးလေ ...

"Arjushi ......???"

"အင်း ...... ဟုတ်တယ် ...... လာကွာ တစ်နေရာရာမှာ စကားသွားပြောရအောင်"

သို့နှင့် နှစ်ယောက်သား ဆေးရုံနှင့် မလှမ်းမကမ်းမှာ ရှိတဲ့ coffee ဆိုင်သို့ ထွက်လာခဲ့ကြသည်။ coffee ဆိုင် ရောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေရင်းမှ Jaung Woo arjushi က ထကာ သူ့ခြေရင်းမှ ဒူးထောက်လိုက်တာကြောင့် သူ အံ့အားသင့် သွားရလေသည်။

"ar ...... arjushi ဘာလုပ်တာလဲ ...... ထပါ"

သူ ထရပ်ကာ arjushi ကို လက်မောင်းကနေ ဆွဲထူလိုက်ပေမယ့် arjushi က မထဘဲ

"ဦးလေး တောင်းပန်ပါတယ်ကွာ ...... မင်း အဖေနဲ့ အမေကို သတ်ခဲ့မိတဲ့ အတွက် ဦးလေး တောင်းပန်ပါတယ် ... ဦးလေး တကယ်ကို မတတ်သာလို့ လုပ်ရတာပါ ...... အဲ့ဒီ့အတွက်လည်း ဦးလေးကို ခွင့်မလွှတ်ပါနဲ့"

သူ့ ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရ၏။ ဒီနေ့ သူ ကြားရတာတွေက ဘာတွေလဲ ...... Soon Young ကလည်း လမ်းခွဲမယ်တဲ့ ...... အခုလည်း အခုမှ ပြန်တွေ့ရတဲ့ arjushi က ...... အဖေနဲ့ အမေကို သူ သတ်တာတဲ့လား ......ဒါဆို အဖေနဲ့ အမေ ဖြစ်ခဲ့တဲ့ ကားအက်ဆီးဒင့်က သာမာန်မဟုတ်ဘူးပေါ့ ...... သူ ပြောစရာစကားတွေ ဆွံ့အ စွာဖြင့် Jaung Woo arjushi ကိုကြည့်နေမိသည်။

String [Completed]Where stories live. Discover now