"သမီး Jin ကို ဘာလို့ အဲ့လိုပြောလိုက်လဲ ဆိုတာ အဖေ တကယ်နားမလည်နိုင်တော့ဘူး ...... ဘာလို့ သူ့ကို အဝေးဆုံးကို တွန်းထုတ်နေရတာလဲ"

"အဖေ မြင်တယ် မဟုတ်လား သူ့မျက်နှာပေါ်က ဒါဏ်ရာတွေ ...... အဲ့ဒီ့ ဒါဏ်ရာတွေကို မြင်တော့ သမီး ဘယ်လောက် နာကျင်ရလဲ အဖေသိလား ...... အဲ့ဒါတွေက သမီးကြောင့် ဖြစ်ရတာဆိုတဲ့ အသိက သမီးကို ပိုပြီး စိတ်ထိခိုက်ရတယ် ...... အဲ့ဒါကြောင့်ပါ ...... အဲ့ဒါကြောင့်"

"ဒါဆို သူကရော ...... သူ့မျက်နှာက ဒါဏ်ရာလေးကိုတောင် သမီးက နာကျင်နေတဲ့ အချိန်မှာ ...... ကိုယ့်ချစ်သူ တစ်ယောက်လုံး ဆေးရုံမှာရှိနေတဲ့ မြင်ကွင်းကို မြင်ရတဲ့ သူက မနာကျင်ရတော့ဘူးလား ...... သမီး သူ့ဘက်ကိုလည်း ပြန်ကြည့်သင့်တယ် ...... သမီးက သူ့ကို ထိခိုက်မှာ စိုးရိမ်နေတဲ့ အချိန်မှာ သူလည်း သမီး အန္တရာယ် တစ်ခုခုနဲ့ကြုံရမှာကို ဘယ်လောက်စိုးရိမ်နေလိုက်မလဲ ...... ဟင်"

"ဒါပေမယ့် သူ့ မိဘတွေက ...... သူ့မိဘတွေက သမီးတို့ကြောင့် သေခဲ့ရတာလေ ...... သမီး သူ့ကို ဒီပြဿနာ တွေထဲ ဆွဲမထည့်ချင်ဘူး ...... သမီး အနားမှာ သူ ဆက်ရှိနေမယ် ဆိုရင် သူ ဒုက္ခရောက်လိမ့်မယ် ...... ဟိုလူက သမီး Soon Young ဆိုတာ ကို သိနေပြီ ...... ရှေ့လျှောက်ဆိုရင် ဒီ့ထက် အန္တရာယ်များဖို့ပဲရှိမှာ"

"ဘယ်လို ...... သူ သိသွားပြီ ဟုတ်လား ...... အဲ့ဒါကို အစကတည်းက အဖေ့ကို ဘာလို့ မပြောပြခဲ့တာလဲ ...... မဖြစ်ဘူး ...... ဒီကိစ္စမှာ သမီး လက်ရှောင်နေပါ ...... အဖေနဲ့ Jaung Woo တို့ပဲ ဆက်လုပ်မယ် ...... အခုလည်း သူ့ရဲ့ နောက်ကွယ်က မကောင်းမှုတွေကို အဖေတို့ သိလာခဲ့တယ် ...... မကြာခင် သူ ဇာတ်သိမ်းတော့မှာ"

"သမီးတို့ မိသားစု ဘဝကို ဖျက်ဆီးထားတဲ့ သူ့ကို သမီးကိုယ်တိုင်......"

"တော်ပြီ ... သမီး ...... ဘာမှမပြောနဲ့တော့ ... သမီး ဒီကိစ္စတွေကို လုံးဝ ဆက်မလုပ်ရဘူး ... ဆေးရုံက ဆင်းရင် အဲ့ဒီ့ Company ကို မသွားရဘူး ...... သမီး အရမ်း အလုပ်လုပ်ချင်တယ်ဆို အဖေ့ လုပ်ငန်းတွေကို လုပ်လို့ရတယ် ... ဒါမှ မဟုတ် နိုင်ငံခြားမှာ ပညာဆက်သင်ချင်တယ် ဆိုလည်းရတယ် ...သူတို့နဲ့ ထပ်ပြီးပတ်သက်ဖို့ကတော့ လုံးဝပဲ"

String [Completed]Where stories live. Discover now