"အဲ့လောက်တောင် လွယ်တာလား ...... ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ်က အဲ့လောက်တောင် ဖြတ်ဖို့လွယ်လို့လား ...... ဘာလို့ ကိုယ့်ဘက်ကိုယ် နည်းနည်းလေးတောင် ပြန်မကြည့်ပေးတာလဲ ......မင်း အတွက်နဲ့ ကိုယ် ဘယ်လောက်တောင် ခံစားခဲ့ရလဲ သိလား ...... အဲ့ဒါတောင် ဘာလို့ ဒီစကားကို ပြောထွက်တာလဲ ... မင်းရှိနေရင် ...... မင်းဘေးနားမှာ ရှိနေရရင် ကိုယ့်အတွက် ကျန်တာ အားလုံးကို သီးခံနိုင်တယ်"

"ကျွန်မ ကတော့ အဲ့လိုမဟုတ်ဘူး ...... ကျွန်မဘေးမှာ ရှင်ရှိနေတာ ကျွန်မ အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်တယ်"

"Soon !!!"

သူ့ မျက်ဝန်းတွေက တစ်ဆင့် သူ့ရဲ့ ကြေကွဲမှုတွေကို သူမ မြင်လိုက်ရသည်။ ဒါပေမယ့် သူမ လျစ်လျူရှုကာ အံ့တင်းတင်းကြိတ် ထားလိုက်၏။

"Soon ...... မင်း သိပ်ခေါင်းမာတာပဲ ..."

သူ့ စကားသံ အဆုံးသတ်က အဖျားခတ် တုန်ယင်လို့နေလေသည်။ သူ့ စကားသံရဲ့ နောက်မှာပါလာမယ့် သူ့ရဲ့ မျက်ရည်တွေကို သူမ မကြည့်ရဲတာကြောင့် မျက်နှာကို တခြားတစ်ဖက်ကို ငေးနေလိုက်၏။ ခဏနေတော့ သူ့ဆီက သက်ပြင်းသံ သဲ့သဲ့လေး တစ်ချက်ကြားလိုက်ရကာ သူ အခန်းထဲက ထွက်သွားလေသည်။ သူထွက်သွားသည်နှင့် သူမ အဖေ အခန်းထဲဝင် လာတော့ သူမ ငိုချင်စိတ်ကို ထိန်းကာ အဖေ့ကို ပြုံးပြလိုက်မိသည်။ အဖေက သက်ပြင်း တစ်ချက်ချကာ သူမ ကုတင်ပေါ်ဝင်ထိုင်ရင်း သူမကို ဖက်ထားလေသည်။

"အဖေ ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

"အခုပဲ ...... သမီး သတင်းကြားလို့ ပြန်ရောက်ရောက်ချင်း လေဆိပ်ကနေ တန်းလာခဲ့တာ ...... သမီး အရမ်းဝမ်းနည်းနေရင် ငိုချလိုက်ပါ ...... စိတ်ထဲတင်းမထားနဲ့ သမီး အရမ်းပင်ပန်းလိမ့်မယ်"

အဖေ ပြောလိုက်မှ သူမ အဖေ့ပခုံးထက် မေးတင်ထားရင်း မျက်ရည်တွေ ကျလာမိသည်။ အဖေကတော့ သူမ ကျောပြင်လေးကို ဖွဖွလေး ပွတ်ကာ နှစ်သိမ့်ပေးနေလေရဲ့ ...... ခဏကြာလို့ သူမ ငိုတာရပ်သွားတော့မှ အဖေက သူမ မျက်နှာကို သူ့ပုခုံးထက်မှ အသာလေး ဆွဲယူရင်း သူနှင့် မျက်နှာချင်း ဆိုင်စေကာ

String [Completed]Where stories live. Discover now