"Soon"ဆိုတဲ့ ခေါ်သံကြောင့် သူမ ပါးပြင်ထက်က မျက်ရည်စတွေကို သုတ်ပေးလာရင်း ပြောလာတဲ့ သူ့ကို သူမ ဆတ်ကနဲလှည့်ကြည့်လိုက်မိသလို သူမ ကိုယ်လေးကိုလည်း နောက်ဆုတ်လိုက်မိ၏။ Jin သိသွားလို့ မဖြစ်ဘူးလေ ...... အဲ့လိုဖြစ်လို့ မရဘူး။ သူက သူမ ဘာတွေးလိုက်တယ် ဆိုတာကို သိနေဟန်တူသည်။

"ဟုတ်တယ် ...... Choi arjushi ပြောပြလို့ ကိုယ် အစကတည်းက သိပြီးပြီ ...... ကိုယ် မင်းကို ဒီ့ထက်ပိုပြီး မလွှတ်ပေးနိုင်တော့ဘူး ...... ကိုယ့်ဆီပြန်လာခဲ့ပါ ...... ကိုယ်တို့ အတူတူ သူတို့ကို ရင်ဆိုင်ရအောင်"

"ဟင့်အင်း ...... ကျွန်မ မလုပ်နိုင်ဘူး Jin"

သူမ နှုတ်မှ စကားသံတို့က ပြတ်ပြတ်သားသားနှင့် တစ်လုံးချင်းထွက်လာလေသည်။

"ဘာလို့လဲ ...... ဘာလို့ မလုပ်နိုင်ရတာလဲ ...... ကိုယ့်ကို ထိခိုက်မှာကို စိုးရိမ်နေတာလား"

သူ့အမေးကို သူမ ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်၍သာ မျက်နှာကို တစ်ဖက်သို့လွှဲလိုက်မိသည်။ ဒါဏ်ရာတွေနဲ့ သူ့မျက်နှာကို သူမ မမြင်ရက်ပါ ...... သူမ နဲ့ ပတ်သက်နေသမျှ သူ အခုလိုတွေ ဖြစ်နေဦးမှာပဲ ...... အခုထက် ဆိုးရွား တာတောင် ဖြစ်နိုင်သေးသည်။ သူမတို့ သားအမိကိစ္စကြောင့် သူ့မိဘတွေလည်း သေခဲ့ရပြီးပြီ မဟုတ်လား ...... သူမ သူ့ကို ထပ်ပြီး ဒုက္ခတွေနှင့် မရင်ဆိုင်စေချင်ပါ ။ သူမ ဆုံးဖြတ်ချက် တစ်ခုချကာ သူ့ဘက်ပြန်လှည့်လိုက်ပြီး

"ကျွန်မတို့ လမ်းခွဲရအောင် Jin"

"Soon ...... ဘယ်လိုပြောလိုက်တာလဲ ...... ပြန်ဆုံရပြီး အပြောချင်ဆုံး စကားက ဒီစကားတဲ့လား ...... ကိုယ့်ကို ဒီလိုလုပ်မှ ဖြစ်မှာလား ...... ကိုယ်ပြောပြီးပြီပဲ ကိုယ်တို့အတူ ရင်ဆိုင်လို့ရတယ်လို့"

"ကျွန်မ အဲ့လိုမလုပ်ချင်ဘူး ...... ရှင်က ကျွန်မရဲ့ အားနည်းချက် တစ်ခုဖြစ်နေတာကို မုန်းတယ် ...... ကျွန်မ ရှင့်ဆီကို ပြန်လာချင်ရင် အစကတည်းက လာခဲ့မှာပေါ့ ...... ရှင့်ရှေ့မှာ Ji Na အဖြစ်နေစရာတောင် အကြောင်းမရှိဘူး ...... ကျွန်မ ရှင့်ဆီက အကူအညီ မလိုအပ်ဘူး ...... ရှင် ကျွန်မကို တကယ် ကူညီချင်တယ် ဆိုရင်တော့ လမ်းခွဲပေးလိုက်ပါ ...... ကျွန်မ ဘေးမှာ တွယ်ကပ်မနေနဲ့ ...... ကျွန်မ မကြိုက်ဘူး"

String [Completed]Where stories live. Discover now