Jin လဲကျနေသည့် သူမအနားကို သွားလိုက်တော့ သူမက သူ့ကို လူဆိုးအထင်နှင့် နောက်ဆုတ်သွား၏။ အဝတ်အစားတွေ ဖရိုဖရဲနှင့် ကြောက်လွန်းလို့ တုန်ယင်နေတဲ့ သူမ ပုံသဏ္ဌာန်က သူ့ရင်ကို နာကျင်စေသည်။ Jin သူမ ဘေးနား ဒူးထောက်ထိုင်ချကာ သူ့ coat အကျင်္ီ ခြုံပေးပြီး ဖက်ထားရင်း သူမခေါင်းလေးကို လက်ဖြင့် သပ်လျှက် နှစ်သိမ့်ပေးနေမိသည်။ ဘာလို့ သူမကိုမှ ရက်ရက်စက်စက် ဘယ်သူကများ ဒီလိုလုပ်ဖို့ ကြံစည်ခဲ့ရတာလဲ ... သူ့ရင်ထဲက နာကျင်ခံပြင်းမှုတွေက ပါးပြင်ထက်သို့ မျက်ရည်အဖြစ်စီးကျလာလေသည်။

"Soon Young yarr ...... အခုကစပြီး ကိုယ် မင်းအနားက တဖဝါးမှ မခွါဘဲ စောင့်ရှောက်ပေးသွားမယ် ...... ဒီလို အဖြစ်မျိုး နောက်ဘယ်တော့မှ မင်း မကြုံရစေရဘူး ...... ဘယ်သူ့ကိုမှ မင်းကို ထိခွင့်မပေးနိုင်ဘူး ...... မင်း ဘယ်လောက်ဘဲ တွန်းထုတ်ပါစေ ကိုယ်လုံးဝ အလျော့မပေးနိုင်တော့ဘူး"

သူ့ရင်ခွင်ထဲမှာပင် သတိမေ့နေပြီ ဖြစ်တဲ့ သူမကတော့ သူ့စကားတွေကို မကြားနိုင်တော့ချေ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"တောင်းပန်ပါတယ် ...... မလုပ်ပါနဲ့ ...... တောင်းပန်ပါတယ် ...... မလုပ်ပါနဲ့ ..."

Ji Na နှုတ်မှ ညီးတွားရင်း ကြောက်လန့်တကြား ထထိုင်လိုက်မိသည်။ မရင်းနှီးတဲ့ မျက်နှာကျက်ဖြူဖြူနဲ့ နှာခေါင်းထဲ တိုးဝင်လာတဲ့ ဆေးနံ့တွေကြောင့် သူမ အခုလက်ရှိရောက်နေတဲ့ နေရာကို သတိထားမိကာ အနည်းငယ် စိတ်အေးရလေသည်။ သူမရဲ့ ညာလက်ပေါ်က လေးလံမှုတစ်ခုကြောင့် သူမ ကြည့်လိုက်တော့ Jin က သူမ လက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်နေသည်။ ဘေးစောင်း မြင်နေရတဲ့ သူ့မျက်နှာ ခပ်ချောချောပေါ်မှာ ဒါဏ်ရာတွေ ဟိုတစ်စ ဒီတစ်စနှင့် နေရာ ယူလျှက်ရှိ၏။ ဒါတွေအားလုံး သူမ ကြောင့် သူမဆီ လာလို့ သူ အခုလိုဖြစ်ရတာ ...... ရင်ထဲ တစ်ဆစ်ဆစ် တိုးဝင်လာတဲ့ နာကျင်မှုကြောင့် သူမ တီးတိုးလေး ရှိုက်ငိုမိလေသည်။

"Soon ...... ဘာလို့ငိုနေတာလဲ ...... အခုမှ သတိရလာတာကို ...... ကြောက်လို့လား...... အခု အန္တရာယ်ကင်းတဲ့နေရာ ရောက်နေပြီ ...... မကြောက်နဲ့တော့နော်"

String [Completed]Where stories live. Discover now