Jin သူမ လာရာလမ်းကို ကြည့်ရင်း အရင်ကအကြောင်းတွေ ပြန်တွေးမိနေစဉ် သူမ ကားလေးကို ထွက်လာတာကို တွေ့လိုက်ရ၏။ ဒါပေမယ့် သူမ ကားလေးကတော့ အရှိန်ပြင်းစွာပင် သူစောင့်နေတဲ့ နေရာကို ကျော်ကာ မောင်းထွက်သွားတာကြာင့် Jin စိတ်ထဲထင့်သွားမိသည်။ သူမ နေ့ခင်းကတင် သူ့ကို လာမယ်လို့ အသေအချာပြောသွားတာ ...... တကယ်လို့ မလာဖြစ်ရင်တောင် သူမ ဖုန်းဆက်မှာ မလွဲ ...... အခု ဘာလို့ ဒီလို .........
Jin သူ့ဖုန်းထဲမှာ ရှိတဲ့ သူမ နံပါတ်ကို ခေါ်လိုက်မိတော့ operator ရဲ့ "စက်ပိတ်ထားသည်" ဆိုတဲ့ အသံက ကျယ်လောင်စွာ ...... သေချာတယ် သူမ တစ်ခုခုဖြစ်နေပြီ ဆိုတာ သူစိတ်ထဲက သိလိုက်တာကြောင့် Jin ကားစက်ကို အမြန်နှိုးကာ သူမ ကားသွားရာ လမ်းကြောင်း သို့ အသားကုန် အရှိန်တင်ကာ လိုက်သွားမိ၏။ ဒါပေမယ့် သူမ ကားက မြန်နေတာကြောင့် သူ ဘယ်လိုမှ လိုက်မမှီပေ ...... သူ လိုက်နေရင်းမှပင် သူမ ကားလေး သူ့မြင်ကွင်းထဲက ပျောက်သွားလေသည်။
"တောင်းပန်ပါတယ် Soon Young ...... ဘာမှ မဖြစ်လိုက်ပါနဲ့ ...... ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့"
Jin ရင်ပူစွာဖြင့် တဖွဖွ ဆုတောင်းရင်း သူမကား သွားနိုင်မယ့် နေရာသို့ မှန်းဆကာ လိုက်ရှာနေမိသည်။ သူ တဖြည်းဖြည်းမောင်းလာရင်းမှ မြေအောက်ရထားဘူတာရုံဟောင်း တစ်ခု နားမှာ သူမကားရပ်ထားတာ တွေ့လိုက်ရတာကြောင့် Jin လည်း သူ့ကားကို ရပ်ကာ ဘူတာရုံထဲသို့ ပြေးဆင်းသွားမိသည်။ အခုချိန်မှာ သူမ အန္တရာယ် မရှိဖို့ အတွေးကလွဲပြီး သူ့ခေါင်းထဲမှာ ဘာမှ မရှိတော့ ...... သူ အသံတွေ ဆူညံ ဆူညံ ဖြစ်နေတဲ့ နေရာဆီကို ချည်းကပ်သွားမိတော့ တစ်ယောက်က သူမကို ဖက်ပြီးချုပ်ထားကာ တစ်ယောက်က သူမကို အနိုင်ကျင့်ဖို့ကြိုးစားနေတာကို ကျန်တစ်ယောက်က ဗီဒီယိုရိုက်နေတဲ့ စက်ဆုပ်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
တဒင်္ဂအတွင်း ဖြစ်လာတဲ့ ဒေါသကြောင့် သူ ဘာကိုမှ မမြင်နိုင်တော့ဘဲ သူမကို ဖက်ပြီး ချုပ်ထားတဲ့ တစ်ယောက်ဆီသို့ ပြေးဝင်ကာ ဆွဲထိုးလိုက်မိသည်။ ထင်မှတ်မထားဘဲ ရုတ်တရက် ဝင်လာတဲ့ သူ့ကြောင့် ထိုလူတွေ ခဏတော့ ကြောင်သွားကြပြီးနောက် သုံးယောက်လုံး စုကာ သူ့ကို တိုက်ခိုက်လာလေသည်။ အရင်က ဒီလို ရန်တခါမှ မဖြစ်ဖူးပေမယ့် ဘယ်က ဘယ်လိုရောက်လာတဲ့ သတ္တိတွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေမှန်း မသိ ပြန်တိုက်ခိုက်နေမိသည်။ ကံကောင်းချင်တော့ သူတို့ တိုက်ခိုက်နေတုန်းမှာပင် ရဲတွေရောက်လာတာကြောင့် ထိုလူ သုံးယောက်လုံးကို ဖမ်းမိသွားလေသည်။
String (Part 30)
Start from the beginning
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)