"Nae ...... Jin ...... ဘာကိစ္စရှိလို့လဲ"

"ညနေကျရင် Ji Na အချိန်ရမလားလို့ ...... အချိန်ရရင် ညစာ အတူစားချင်လို့"

"အင်း ...... ချိန်းထားတာတော့မရှိဘူး ...... ဘယ်ကိုလာခဲ့ရမလဲ Jin"

"Ji Na မလာပါနဲ့ ...... ကျွန်တော်ပဲလာခေါ်ပါ့မယ် ...... အရင်က စောင့်နေကျနေရာက စောင့်နေမယ်နော်"

"nae"

Jin နှင့် ဖုန်းပြောပြီးတော့ Ji Na ပြုံးလိုက်မိသည်။ ဟို တလောက အက်ဆီးဒင့် ကိစ္စပြီးကတည်းက သူမ နဲ့ သူ ပိုရင်းနှီးလာ သလိုပင် ......... သူမ ဘက်က သူ့ကို ရှောင်မနေတော့တာ လည်းပါမည် ...... တခါတရံ ညနေရုံးဆင်းရင် နှစ်ယောက်သား ချိန်းပြီး စာအုပ်ဆိုင် ရောက်သွားတတ်သေးသည်။ အခုလို ဆိုတော့လည်း အရင် Soon Young အဖြစ် ရှိနေစဉ်က အချိန်လေးတွေကို ပြန်ရောက်သွား သလိုပင် ...... သေချာပါတယ် သူမ သူ့ဆီက ဘယ်လိုမှ ရုန်းထွက်လို့ မရ ...... ဒါပေမယ့် သူမ ကြောင့် သူ တစ်ခုခု ထိခိုက်သွားမှာ စိုးရိမ်တဲ့ စိတ်လေးကတော့ ရှိနေသေးသည်။ သူမ စိတ်ကို သူမ ဘယ်လိုမှ ဝေခွဲမရဖြစ်နေ၏။ တစ်ဖက်က သူထိခိုက်မှာ စိုးရိမ်တဲ့ စိတ်ကြောင့် သူ့ကို ရှောင်ဖို့ကြိုးစားချင်ပေမယ့် လက်တွေ့မှာ သူမ အတွက် မလွယ်ကူလှပေ။ တခါတလေကျတော့လည်း ကိုယ့်ကိုယ်ကို ပြန်ပြီး သဝန်တိုမိသည်။ Jin က သူမကို Ji Na လို့ပဲ သိနေတာဆိုတော့ သူမမဟုတ်တဲ့ အခြားတစ်ယောက်ကို စိတ်ဝင်စားနေတာနဲ့ တူတူပဲ မဟုတ်လား ... တထိုင်တည်းမှာပင် အတွေးပေါင်းစုံဝင်ကာ စိတ်ခံစားချက် အမျိုးမျိုး ပြောင်းနေတဲ့ သူမ ကိုယ်သူမ လှောင်ပြုံးလေးပြုံးလိုက်မိ၏။ သူမ လက်ကနာရီကို ကြည့်လိုက်တော့ နေ့လည် ၁ နာရီ ပင်ရှိနေပြီ ...... သူမ လုပ်လက်စ အလုပ်တွေကို မြန်မြန်ပြီးအောင် လက်စသပ်ရင်း သူနဲ့ တွေ့ရမယ့် အချိန်အတွက် စိတ်စောနေမိတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Jin ...... Ji Na ကို စောင့်နေကျနေရာလေးမှာ ကားရပ်ကာ စောင့်နေမိသည်။ အခုတလော သူမ သူ့ကို မစိမ်းတော့တဲ့ အတွက် သူ ပျော်နေမိသည်။ သူမက သူမ Soon Young ဆိုတာကို တသက်လုံး သူ့ကို မပြောဘဲ ဖုံးကွယ် ထားမယ် ဆိုရင်တောင် အခုလိုလေး သူမ ဘေးမှာ ရှိနေရရင် သူ ကျေနပ်စွာ နေနိုင်သည်။ ဒါမှလည်း သူမကို သူကာကွယ်ပေးနိုင်မှာလေ။ Choi Arjushi ...... သူမ အကြောင်းတွေပြောပြတုန်းက သူ တော်တော် စိတ်မကောင်း ဖြစ်ရသလို ချစ်သူ တစ်ယောက်ဖြစ်ပြီး သူမ အကြောင်းတွေကို ဘာမှ မသိခဲ့တဲ့ သူ့ကိုယ်သူလည်း ဒေါသထွက်ရသည်။ ဒီနှစ်တွေ အတွင်း Mr.Shin လက်ထဲ သူမ ဘယ်လောက်တောင် သီးခံပြီး နေခဲ့ရမလဲ ...... အဲ့ဒါကြောင့်လည်း သူမကိုယ် သူမ သတ်သေဖို့ အထိတောင် ကြံစည်ခဲ့တာ ...... ဒါတွေကို သူ ဘာတစ်ခုမှ မသိခဲ့ရလောက်အောင် သူ တကယ် ညံ့ခဲ့တာပါ။

String [Completed]Where stories live. Discover now